part 88

2.5K 293 3
                                    

Unicode

အခန်း (၈၈)
သူတို့က သူ ကံဆိုးမိုးမှောင်ကြတာကို သဘောကျနေကြတယ်

ယုကျစ်ယန်က သူ့နှာခေါင်းကို မလုံမလဲကုတ်ကာ ခြောက်ကပ်ကပ် အပြုံးဖြင့် ပြောသည်။

“ငါက စပ်စုချင်ရုံပါပဲ။ မစ်စုက ဟောက်ရှောက်ဖုန်းနဲ့ ငါတို့ သခင်လေးတို့ကြား ဘယ်သူ့ကို ပိုသဘောကျလဲ ဆိုတာကို မင်းတို့ရော မသိချင်ကြဘူးလား”

နှစ်ယောက်သား ချောင်းအသာဟန့်ကာ ပြန်လည် ချေပနိုင်စွမ်း မရှိချေ။

သူတို့တွေကလည်း စုယန်ယန်က ဟောက်ချန်ဟွမ်းအပေါ် ဘယ်လို သဘောထားလဲ ဆိုတာကို သိချင်နေကြတာ အမှန်ပင် ဖြစ်ကြသည်။ ဟောက်ရှောက်ဖုန်းနှင့် စေ့စပ်ပွဲ ဖျက်သိမ်း ပြီးတာနဲ့ စုယန်ယန်က ဟောက်ချန်ဟွမ်းကို သူမနှင့် လက်ထပ်ဖို့ ရုတ်တရက် တောင်းဆိုခဲ့သည်။

ဟောက်ရှောက်ဖုန်းက သူ့ကိုယ်သူ အထင်ကြီး ဘဝင်မြင့်တာ ဖြစ်သော်လည်း သူတို့လည်း အရင်က ဒီလိုသံသယမျိုး ရှိခဲ့ကြသည်။

ဟောက်မိသားစုနှင့် ဟောက်ရှောက်ဖုန်းကို လက်တုံ့ပြန်ချင်သောကြောင့် စုယန်ယန်က ဒီလက်ထပ်ပွဲကို စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်နေမှာကို သူတို့ စိုးရိမ်ပူပန်ခဲ့ကြသည်။

ဒီအကြောင်းဟာ ယုကျစ်ယန်က စုယန်ယန်ကို ကူညီပေးရမည့် အစား အစပိုင်းတွင် ဘေးကနေ ရပ်ကြည့်နေရခြင်း အကြောင်းရင်းလည်း ဖြစ်လေသည်။

စုယန်ယန်က ဟောက်ရှောက်ဖုန်းကို ဘယ်လို တုံ့ပြန်မလဲ နဲ့ သူ ပြောတဲ့ စကားများအပေါ် သူမ ဘယ်လို တုံ့ပြန်မှာလဲ ဆိုတာကို ယုကျစ်ယန်က မြင်ချင်ခဲ့သည်။

ယုကျစ်ယန်သည် ဟောက်ရှောက်ဖုန်းက ဟောက်ချန်ဟွမ်းကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုလာသည့် အချိန်တွင် စုယန်ယန်က နှုတ်ဆိတ်နေမှာလား ဒါမှမဟုတ် ဟောက်ချန်ဟွမ်းဘက်မှ ကာကွယ် ပြောဆိုပေးမှာလား ဆိုတာကို သူ အရမ်း စိတ်ဝင်စားခဲ့သည်။

ရလဒ်က စိတ်ကျေနပ်စရာ ကောင်းသော်လည်း ထို့အတွက် ပေးဆပ် လိုက်ရသည့် “တန်ဖိုး”ကလည်း ကြီးမားပေသည်။
   

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးNơi câu chuyện tồn tại. Hãy khám phá bây giờ