part 86

2.6K 303 4
                                    

Unicode
အခန်း (၈၆)
ညနက်သန်းခေါင် စိုက်ပျိုးမယ်

စုယန်ယန်သည် ငါးဟင်းလျာကို ဖမ်းယူထားသော ဓာတ်ပုံကို အသုံးပြုရုံဖြင့် ဝမ်ကျင့်ဖျင်၏ အာရုံကို ဆွဲ‌ဆောင်သွားနိုင်ခဲ့ပြီး တစ်ဖက်သားအား ထိတ်လန့်စေခဲ့သည်ကို မသိခဲ့ပေ။

သွမ်းသွမ်းသည် စုယန်ယန်တို့ နှစ်ယောက်သား ပြန်သယ်လာသော လက်‌ဆောင်လေးများကို နှစ်သက် သဘောကျလေသည်။ သူတို့က သွမ်းသွမ်း၏ လက်ထဲသို့ လက်‌ဆောင်များ ပေးအပ် လိုက်ချိန်တွင် သူလေးက လက်ဆောင်ပစ္စည်းများကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားခဲ့သည်။

စုယန်ယန်သည် ဟောက်ချန်ဟွမ်းအား ခွေးလေး၏ လက်ဆောင်ပစ္စည်းများကို အိမ်သို့ ပြန်သယ် သွားစေသည်။

သနားစရာကောင်းသော သွမ်းသွမ်းသည် အိမ်သို့ ပြန်ရောက်ပြီး နာရီအနည်းငယ်ခန့် အကြာတွင် ဟောက်ချန်ဟွမ်း အိမ်သို့ ပြန်ပို့ခြင်း ခံခဲ့ရသည်။ သူလေးက မပြန်သွားခင်မှာ ဝမ်းနည်းပက်လက် ငိုကြွေးမြည်တမ်းပြီး ဆူညံပွက်လောရိုက်ကာ နောက်ဆုံး၌ သူလေးပိုင်ရှင်၏ အင်္ကျီလက်ကို မလွှတ်ပဲ ချစ်စရာကောင်းသည့် အမူအရာများ အသုံးပြု၍ သူလေးကို ပြန်မပို့ရန် ကြိုးစားခဲ့သည်။

ပထွေးတစ်ယောက်ကို ရရှိသွားကတည်းက သူလေးမှာ လုံးဝ ကူကယ်ရာမဲ့ သွားခဲ့သည်။ သူလေး၏ မိခင်သည်လည်း မိခင်အဖြစ်မှ မိထွေးအဖြစ်သို့ အသွင်ပြောင်း သွားခဲ့သည်။ သူလေး ဘယ်လောက်ပဲ သရုပ်ဆောင်ဖို့ ကြိုးစားပါစေ၊ ပထွေး၏ တီးတိုးပြောသံကို မနှိုင်းယှဉ်သာပါဘူး။

“မနက်ဖြန် မနက်ခင်းလောက်မှာ ချီချီ စီးလာတဲ့ လေယာဉ် ဆိုက်လိမ့်မယ်။ ကျွန်မ သူမကို သွားကြိုရမယ်။ ပြီးရင် ကျွန်မတို့ နေ့လယ်စာ အတူစားကြမလား”

“ကောင်းပြီလေ”

ဟောက်ချန်ဟွမ်းသည် သူစိမ်းများနှင့် တွေ့ဆုံရမှာကို မနှစ်သက်သော်လည်း ရှောင်လွဲ၍ မရနိုင်သော စီးပွားရေးလုပ်ငန်း အဆက်အသွယ်များကတော့ ခြွင်းချက် တစ်ခုပင် ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ စုယန်ယန်က သူ့ကို သူမ သူငယ်ချင်းများနှင့် မိတ်ဆက် ပေးလိုသည့် ရည်ရွယ်ချက် ရှိသောကြောင့် စုယန်ယန်သည် သူ့ကို သူမဘဝထဲသို့ ဆွဲခေါ်ပြီး သူက သူမဘဝရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာစေချင်ကြောင်း သူ အသိအမှတ်ပြုမိသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now