part 84

2.5K 317 5
                                    

Unicode

အခန်း (၈၄) - လူသားစား နတ်သမီးထောင်ချောက်အပင်

စုယန်ယန်သည် အန္တရာယ် ပေးလိုသည်ဟု ယူဆရသော သူမ အနားရှိ လက်ချောင်းအား စိုက်ကြည့်နေသည်။ အေးစက်သော အကြည့်ဖြင့် သူမ လှောင်ရယ် ရယ်လိုက်သည်။

“ကျွန်မက သာမန်လူတွေပဲ လက်ညှိုးထိုးပြတာကို မုန်းတီးတယ်”

မည်သည့် တုံ့ပြန်မှုကိုမှ မစောင့်ဆိုင်းပဲ သူမသည် ဟောက်ရှောက်ဖုန်း၏ လက်ကောက်ဝတ်ကို လျင်မြန်စွာ ဖမ်းဆုပ်လိုက်ပြီး သူ့ကို ကိုင်ပေါက်လိုက်သည်။

ဘမ်း—

ဒီအသံကို နားထောင်လိုက်ရရုံနဲ့ သဲအိတ်လို အတိုက်ခိုက် ခံလိုက်ရသူအတွက် ဘယ်လောက်တောင် နာကျင်နေမလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။

ဒေါသ အရမ်းထွက်နေသည့် စုယန်ယန်တွင် ကရုဏာတရား မရှိခဲ့ပေ။ သူ့ရဲ့အောက်ပိုင်း တစ်ခုလုံး နာကျင်ကိုက်ခဲ နေရုံသာမက ဟောက်ရှောက်ဖုန်းသည် ကြမ်းပြင်ပေါ်သို့ ကိုင်ပေါက် ခံလိုက်ရသဖြင့် မထနိုင်ပဲ သူ့ခန္ဓာကိုယ်ရှိ အရိုးတိုင်း ကျိုးကြေသွားသလို ခံစားလိုက်ရသည်။

ထိုသို့ဆိုရင်တောင် သူသည် စုယန်ယန်အား ကြောက်ရွံ့ ထိတ်လန့်နေသော အကြည့်များဖြင့် ငေးကြည့်နေဆဲပင်။

“မင်း... ဘယ်လို လုပ်ရဲတာလဲ... ဒုက္ခိတ တစ်ယောက်အတွက်နဲ့... မင်း...”

စုယန်ယန်သည် ထွက်သွားတော့မလို ဟန်ပြန်နေချိန်တွင် သူ ပြောလိုက်သည့် စကားများကို ကြားလိုက်ရသည်။ သူမ ချက်ချင်း ပြန်လှည့်လာပြီး သူ့ကို ထပ်ကန်လိုက်ပြန်သည်။

“အား...” ဟောက်ရှောက်ဖုန်း၏ မချိမဆန့် အော်ဟစ်သံကို ကြားရသူတိုင်းသည် လူသားဆန်စွာ သနားမိသွားသော်လည်း ထိုအသံက သူ့အတွက် စုယန်ယန်၏ သနားကြင်နာလိုစိတ်ကို နှိုးဆွရန် မလုံလောက်ပေ။ သူမရဲ့ ဒေါသတွေကိုသာ ပေါက်ကွဲသွားစေလိမ့်မည်။

“ချီးဒုက္ခိတ- ဒီအစ်မကြီးက နင့်ကို ဒုက္ခိတ တစ်ယောက်ဖြစ်ရတဲ့ အရသာကို ပေးစွမ်းရလိမ့်မယ်”

စုယန်ယန်က ဟောက်ရှောက်ဖုန်းကို ထိုသို့ပြောနေရင်း သူမ ခြေထောက်တွေဖြင့် ထပ်ကာထပ်ကာ ကန်ကျောက်နေခဲ့သည်၊ အထူးသဖြင့် သူမ ကန်ချက်တိုင်းတွင် သူ့ကို နာကျင်စေမည့် နေရာများကို အဓိကထား၍ ကန်ကျောက်ပေးခဲ့သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now