Part 2

8K 737 6
                                    

အခန်း(၂) - လွန်ခဲ့သောသုံးနှစ်အကြာသို့ ပြန်သွားခြင်း

အားလုံး စီစဉ်ပြီးပြီလား

စုယန်ယန်သည် ထိုလူ ရင်ခွဲခန်းမှ ထွက်သွားသည်ကို စောင့်ကြည့်နေရာ သူ့နောက်သို့ လိုက်ပါနေသော လူအချို့ကို အေးစက်စွာ မေးခွန်းထုတ်သံအား ကြားလိုက်ရသည်။

သူ လိုချင်သော အဖြေကို ရရှိပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပဲ ထိုအမျိုးသား၏ မျက်လုံးအတွင်း အန္တရာယ်ကြီးမားသော မုန်တိုင်းတစ်ခု ရုတ်တရက် ချင်းနင်း ဝင်‌ရောက်လာသည်။ ရင်ခွဲခန်းအတွင်းမှ အနမ်းတစ်ပွင့်ဟာ သူ့ခန္ဓာကိုယ်အတွင်းက နွေးထွေးမှုများကို ယူဆောင် သွားရုံသာမက ကမ္ဘာပေါ်ရှိ သူ့မျှော်လင့်ချက် အားလုံးကိုပါ ရှင်းလင်းပစ်လိုက်သလို ဖြစ်သည်။

သူမအသက်အတွက် ပါဝင်ပတ်သက်သည့်လူတိုင်း ပြန်ပေးဆပ်ရမယ်

စုယန်ယန်နှလုံးသားသည် အလွန်တုန်လှုပ်သွားသည်။

ငါ့အသက်အတွက် ပြန်ပေးဆပ်ရမှာတဲ့လား

သူက ဘယ်သူ့ကို တိတိကျကျ လက်တုံ့ပြန်မှာလဲ။ ကားမောင်းသမားကိုလား... ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ကိုလား။

စုယန်ယန်သည် ဒီအကြောင်းကို မစဉ်းစားနိုင်ခင်မှာပင် သူမသည် ဟောက်ချန်ဟွမ်းဆီသို့ ပြေးသွားပြီး သူ့ကို ဖမ်းဆုပ်ဖို့ ကြိုးစားခဲ့သည်။

သို့သော် သူမလက်သည် ဟောက်ချန်ဟွမ်းကို ထိခါနီးအချိန်တွင် စုယန်ယန်အပါအဝင် သူမပတ်ဝန်းကျင်ရှိ အရာအားလုံး ရုတ်တရက် အေးခဲသွားပြီး တုန်ခါသွားသည်။

ကြီးမားသော စုပ်ဝဲတစ်ခုသည် အရာအားလုံးကို ၎င်း၏ဗဟိုသို့ လှည့်ပတ် စုပ်ယူသွားကာ မရေမတွက်နိုင်သော မှတ်ဉာဏ် အပိုင်းအစများများသည် စုယန်ယန်၏စိတ်ထဲ တစ်ခုပြီးတစ်ခု ရုတ်ခြည်းပျံ့နှံ့သွားသည်။

အသက်ရှူချိန် အနည်းငယ် ကြာပြီးနောက် စုပ်ဝဲဟာ ရပ်တန့်သွားကာ အရာအားလုံး ငြိမ်သက်သွားခဲ့သည်။ ထိုအချိန်တွင် မည်သည့်နေရာကမှန်းမသိတဲ့ စက်ရုပ်အသံ တစ်သံကို ကြားလိုက်ရသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now