part49

3.3K 392 4
                                    

unicode
အခန်း(၄၉) - တစ်စုံတစ်ဦးမှ အသေ‌ရေဖျက်ချင်တာလား

သွမ်းသွမ်းသည် စိတ်ထဲတွင် စက်ဆုပ်ရွံရှာနေပေမယ့် ရုန်းကန်ခြင်းတော့ မရှိခဲ့ပေ။

ရွေးချယ်စရာ မရှိဘူး။ အဆုံး၌ ဒါက သူ့သခင် မျက်စိကန်းပြီး ထိုသို့သော ဒယ်ဒီတစ်ဦးကို ရှာတွေ့ခဲ့သည်။ သူလုပ်ချင်တာကို လုပ်ခွင့်ပေးတာကလွဲလို့ တခြား ဘာလုပ်နိုင်မလဲ။

သူ့ခွေးရဲ့ စက်ဆုပ်ရွံရှာဖွယ်ကောင်းတယ်လို့ တွေးနေခြင်းကို ခံနေရသော ဟောက်ချန်းဟွမ်းသည် စုယန်ယန်အား မည်သို့မည်ပုံ လက်ထပ်ခွင့်တောင်းခံရမလဲဆိုတာကို စိတ်လှုပ်ရှားစွာ စိတ်ကူးယဉ်ကြည့်နေခဲ့သည်။ သို့သော်လည်း ရုတ်တရတ် ထွက်ပေါ်လာသော မှတ်ချက်တစ်ခုက သူ့မျက်နှာက မည်းမှောင်သွားစေသည်။

[နင်က လက်ထပ်ပြီးသား အမျိုးသမီးတစ်ယောက်ဖြစ်နေတာတောင် နင် နင့်ဆံပင်ကိုခါပြီး ပလက်ဖောင်းပေါ်တွင် ဟန်ထုတ်နေတုန်းပဲ။ နင့်ယောက်ျားက နင် ဘယ်လိုတောင် ပျံတံတံ နန့်တန့်တန့်လုပ်နေလဲဆိုတာကို သိရဲ့လား။ မိန်းမပျက်မ...]

[ရယ်စရာဟာသပဲ။ ဖျော်ဖြေရေးနယ်ပယ်က မိန်းမလှလေးတွေ တစ်ညလုံး တိုက်ရိုက်ထုတ်လွှင့်ရင်တောင် သူမရဲ့သူဌေးကြီးက သူမကို ပေးသလောက် ဝင်ငွေကို မရဘူး။ ဒီလူက သူမနဲ့ ဘာမှမပတ်သက်ဘူးလို့ပြောရင် ဘယ်သူ ယုံမှာလဲ။ အင်တာနက်ပေါ်မှာ ပိုက်ဆံအတွက် နင့်ကိုယ်နင် ရောင်းစားနေတာကို နင့်ယောက်ျားသိရဲ့လားလို့ တင်ဆက်သူကို ငါ မေးလို့ရမလား။]

[တိုက်ရိုက်ထုတ်လွှင့်မှု သုံးရက်သာ လုပ်ရသေးတဲ့ တင်ဆက်သူအသစ်တစ်ဦးအနေဖြင့် နင်က ဘယ်နေရာကနေ ပေါ်လာပြီး အဆင့်ဇယားထိပ်ကို တက်သွားတာလဲ။ ဒါက လူ့သဘောသဘာဝကို ဖောက်ပြန်ခြင်း ဒါမှမဟုတ် အကျင့်စာရိတ္တပျက်ယွင်းခြင်းကို ပြသတာလား။]

[တိုက်ရိုက်ထုတ်လွှင့်မှုနယ်ပယ်တွင် အချိန်တော်‌တော်ကြာ ရှိဖူးသူတိုင်း တစ်စုံတစ်ဦးမှ သူတို့ကို ယွမ်သန်းပေါင်းများစွာ တန်ကြေးရှိသော ဆုလာဘ်များကိုပေးရန် ဆန္ဒရှိတာက လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုရှိတယ်ဆိုတာကို သိကြမယ်လို့ ယူဆပါတယ်။ တခြားသော တင်ဆက်သူတွေတောင်မှ သူတို့ရဲ့ သကြားဖေဖေတွေကို လက်ဆောင်တွေပို့ပေးဖို့ ရဲရဲတင်းတင်း ပြောဝံ့မှာ မဟုတ်ဘူး။ အဲ့တစ်ယောက်က စဉ်းစားဉာဏ်မရှိတာလား ဒါမှမဟုတ် တကယ်ပဲ ရူးနေတာလားဆိုတာကိုတော့ ငါ မသိဘူး။ သူမက သူမမျက်နှာကိုတောင် မပြသရဲပေမယ့် သံသယဖြစ်ဖွယ်ရှိတဲ့ အပြုအမူအားလုံးကိုတော့ လုပ်ရဲတယ်။ သူမရဲ့ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားက အနှေးနဲ့ အမြန်ဆိုသလို ထုတ်‌ဖော်ခံရလိမ့်မယ်။]

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now