part 65

3.3K 322 1
                                    

unicode

အခန်း(၆၅) - ငရုတ်စေ့

စုယန်ယန်သည် သူမ အရင်ဘဝတုန်းက လမ်းပျောက်နေသော ဝိညာဥ်ဘဝဖြင့် ဟောက်ချန်ဟွမ်း၏ ဘေးတွင် ရှိနေခဲ့သော်လည်း ထိုအချိန်တွင် သူက အမျိုးမျိုးသော အရေးကိစ္စများနှင့် အလုပ်များနေခဲ့သည်။

သူက အစားအသောက်တွေ မစားမိတာ များတယ်။ သူက စားသောက်ရင်တောင် အာဟာရ ပြည့်ဝစွာ စီစဥ်ထားသော အာဟာရပျော်ရည်တစ်ခုခုကိုသာ သောက်သည်။ အရသာမကောင်းရင်တောင် ပြဿနာ မဟုတ်ဘူး။

ဟောက်ချန်ဟွမ်းသည် "တစ်သက်လုံး အတူနေမယ်" ဆိုသော စကားကြောင့် ကြက်သေ သေသွားပြီး နေရာ၌ပင် လက်နက်ချခဲ့သည်။

"ကိုယ်က အရသာခပ်ပြင်းပြင်း ဟင်းလျာတွေကို ပိုသဘောကျတယ်။ အရသာ အရမ်းပေါ့တာတွေ မကြိုက်ဘူး။" ထိုစကားပြောပြီးသည့်နောက်တွင် သူက တစ်ခုခုကို တွေးလိုက်မိပုံရပြီး "မင်း နောက်ဆုံးအကြိမ်တုန်းက ချက်ပြုတ်ပေးခဲ့တာတွေက အရမ်းကောင်းတယ်" လို့ အလျင်အမြန် ထပ်ဖြည့်ပြောသည်။

စုယန်ယန် ရယ်မောလိုက်သည်။ သူမ နောက်ဆုံးချက်ပြုတ်ပေးခဲ့တဲ့ စွပ်ပြုတ်က သူ့ကို ခံတွင်းမြိန်စေပေမယ့် ဟောက်ချန်ဟွမ်းက အရသာပိုပြင်းတဲ့ ဟင်းလျာတွေကို နှစ်သက်တယ်ဆိုရင်တော့ ထိုစွပ်ပြုတ်က အရသာပေါ့လွန်းတယ်။

"ဒါဆို မနက်ဖြန်ကျရင် ရှင့် ခံတွင်းနဲ့ လိုက်မယ့် ဟင်းလျာတွေ ချက်ပြုတ်ခဲ့မယ်။ ကျွန်မ အများကြီး ချက်ပြုတ်ပေးမယ်၊ ဒါ့ကြောင့် ရှင့်အကြိုက်ကို ရှာမတွေ့မှာ မပူနဲ့။"

"ကောင်းပြီ"

ယခု သူမသည် ဟောက်ချန်ဟွမ်းရဲ့ ခံတွင်းအကြိုက်ကို သိရှိသွားပြီ ဖြစ်သောကြောင့် စုယန်ယန်သည် သူမစိတ်ထဲတွင် မည်သည့်ဟင်းလျာများ ချက်ပြုတ်ရမလဲဆိုတာကို အစီအစဥ်ဆွဲနေခဲ့သည်။

သူမသည် ခြောက်သောင်းကျော်မှ ခုနစ်သောင်းခန့်အထိ မြင့်တင်လာသော နှစ်လိုမှုရမှတ်များကို တစ်ချက်ကြည့်လိုက်သည်။ ထိုရမှတ်များသည် နောက်တစ်ဆင့် အဆင့်မြှင့်တင်ရန် ရမှတ်တစ်သိန်းလောက် လိုအပ်နေသောကြောင့် သူမသည် မဆိုင်းမတွပဲ (ငရုတ်သီး) အစေ့ကို လှဲလှယ်လိုက်သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now