part 105

2.1K 228 1
                                    

Unicode

အခန်း (၁၀၅)
သူမက ရွှေတွင်းတစ်တွင်း ပိုင်ဆိုင်ထားတာပဲ

စုယန်ယန်က ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး ဤသို့ ပြောလိုက်သည်။

“ကျွန်မတို့ စည်းမျဉ်းဟောင်း အတိုင်း ကစားကြမယ်။ ကျွန်မတို့ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းထဲမှာ အမုန်းစကား ဆိုသူတွေ ဒါမှမဟုတ် ဆူပူသောင်းကျန်းတဲ့ ဘယ်သူ့ကိုမှ ကံစမ်းမဲ အစီအစဉ်တွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မပေးနိုင်ဘူး”


ထိုအချိန်၌ ဟောက်ချန်ဟွမ်း ချမှတ်ထားသော ဒီစည်းမျဉ်း စည်းကမ်းများသည် စုယန်ယန်အား အလွန်ဆိုးရွားစွာ ဆဲဆိုခဲ့ဖူးသူများကို မည်မျှ ထိခိုက်သွားစေမည်ကို ထိုအချိန်က ကြည့်ရှုသူတွေက မသိနားမလည်ခဲ့ကြပေ။

သင် လူတစ်ဦး ဖြစ်နေသ‌ရွေ့ အို၊ နာ၊ သေဘေးမှ မလွတ်မြောက်နိုင်ဘူး ဆိုတာ သင် သိပါတယ်။ မနက်ဖြန်တွင် ရှင်းမပြနိုင်လောက်သည့် ရောဂါတစ်ခုခုဖြင့်လည်း ဘဝတစ်ပါးသို့ မကူးပြောင်း သွားနိုင်ဘူးဟု မည်သူမှ အာမခံနိုင်မည် မဟုတ်ပါ။

ထို့ကြောင့် မည်မျှ ချမ်းသာပြီး အာဏာရှိသည့် သူတွေ ဖြစ်နေပါစေ သူတို့က ဆရာဝန်တွေကို အလွယ်တကူ စော်ကားဝံ့ခြင်း မရှိကြပါ။

တစ်နေ့ သင် သူတို့လက်ထဲသို့ ရောက်သွားနိုင်ပြီး သင့်ကို ကယ်တင်မည် မကယ်တင်မည် ဆိုတာကို သူတို့စိတ်ကြိုက် ရွေးချယ်နိုင်သည်။ ဒါက အသက် ရှင်ခြင်းနှင့် သေခြင်းတို့နှင့် သက်ဆိုင်သော ကိစ္စရပ်ဖြစ်သည်။

ကျန်သည့် ပရိသတ်များက အများကြီး မတွေးကြဘူး။ ပြဿနာ ဖြစ်စေသော ကီးဘုတ်ဖိုက်တာများကို ထုတ်ပယ်ပြီးနောက် သူတို့ ကံစမ်းမဲပေါက်နိုင်သော အခွင့်အလမ်း ကြီးမားလာသည်ကိုသာ သူတို့ သိကြသည်။ ဒါက တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းသော သတင်းတစ်ခုပါပဲ။

သို့သော်လည်း သူတို့ကြည့်လိုက်သော အခါတွင် ကြည့်ရှုသူ ပရိသတ်များ များပြားလာသည်ကို တွေ့လိုက်ရချိန်ဝယ် လူတိုင်းသည် သူတို့၏ ခေါင်းပေါ်ကို ရေအေးဖြင့် လောင်းချ ခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now