Part 146

1.8K 212 4
                                    

Unicode

အခန်း (၁၄၆)
မင်းအကောင့် အဟက်ခ်ခံရတာလား

ဖမ်ကျားကျစ်သည် သူ့ညီမထံသို့ အကျိုးအကြောင်း မေးမြန်းသည့် မက်ဆေ့ချ် ပို့လိုက်သောအခါတွင် သူမသည် တိုက်ရိုက် ထုတ်လွှင့်မှု အခန်းတွင် ရေတပ်နှင့် တိုက်ပွဲဝင်ရန် အလုပ်များနေပြီး သူ့ကို အာရုံစိုက်ရန် အချိန်မရှိပေ။

ဖမ်ကျားကျစ်သည် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့သော်လည်း ပြန်လည် ဖြေကြားချက်ကို မရရှိခဲ့ပေ။ သူ့ဆရာက သူ့ကို အတင်းလော လာခဲ့သဖြင့် သူ့ညီမဖြစ်သူထံ ဗီဒီယိုဖုန်း ခေါ်ဆိုမှုဖြင့် ဖုန်းလှမ်းခေါ်ခဲ့ကာ၊ နောက်ဆုံး၌ သူမရဲ့ အာရုံစိုက်မှုကို ရရှိခဲ့သည်။

ဖမ်ကျားကျစ်၏ ညီမဖြစ်သူသည် သူမအစ်ကိုဖြစ်သူက သူမအား တင်ဆက်သူ၏ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းလင့်ခ်အား တောင်းသည်ကို တွေ့လိုက်ရသဖြင့် သူမ၏ အကြံပြုချက်က အလုပ်ဖြစ်တယ်လို့ ယူဆမိသည်။ သူမသည် တင်ဆက်သူ၏ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းလင့်ခ်ကို အစ်ကိုဖြစ်သူအား ပျော်ရွှင်စွာ မျှဝေပေးခဲ့သည်။

စကားမစပ်၊ သူမသည် စုယန်ယန်၏ ယခင် တိုက်ရိုက် ထုတ်လွှင့်မှု မှတ်တမ်း ဗီဒီယိုများကို ဖမ်ကျားကျစ်အား ကူညီပေးရန် စိတ်အား ထက်သန်စွာဖြင့် ပေးပို့ပေးခဲ့သေးသည်။ ထိုဗီဒီယို မှတ်တမ်းများမှာ အစောပိုင်းက ပေးပို့ခဲ့သော ဗီဒီယိုအတိုများလို မဟုတ်ပဲ ထုတ်လွှင့်မှု အစအဆုံး ပါဝင်သည့် ပြီးပြည့်စုံသော ဗီဒီယိုမှတ်တမ်းများပင် ဖြစ်သည်။ ထိုအပိုင်းများ၏ နာမည်များကို ထိုတိုက်ရိုက် ထုတ်လွှင့်မှုမှာ ချက်ပြုတ်ပြထားသည့် ဟင်းလျာတို့၏ နာမည်များကို တပ်ပေးထားသည်။

ဖမ်ကျားကျစ်သည် ယိမူချောင်၊ ဂျင်ဆင်း၊ သစ်ကြံပိုးခေါက်နှင့် ကြာစေ့ စသဖြင့် တရုတ်ဆေးဖက်ဝင် အမည်များကို တန်းစီ တွေ့လိုက်ရသည်။ မသိစိတ်အရ သူ့မျက်လုံးတွေ မှေးကျဉ်းသွားကာ ဒီဗီဒီယိုများအား သူ့ဆရာဖြစ်သူထံ မျှဝေပေးခဲ့သည်။

သူ့ဆရာဖြစ်သူထံ ပေးပို့ပြီးပြီးချင်မှာပင် သူ့ညီမလေး၏ အကူအညီ တောင်းခံမှုကို လက်ခံရရှိခဲ့သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now