Part 147

1.7K 202 2
                                    

Unicode

အခန်း (၁၄၇)
နောက်ထပ် အာဏာရှင်တွေရှိသေးတာလား

တောင်တန်းပေါ်က ပိုးစာပင်ရဲ့ မက်ဆေ့ချ်က စုယန်ယန်ကို ရှော့ခ်ရသွားစေရုံ သာမက တိုက်ရိုက် ထုတ်လွှင့်မှု အခန်းရှိ အခြား ကြည့်ရှုသူတွေလည်း ထိတ်လန့် သွားစေခဲ့ပါသည်။

ယင်းမတိုင်မီက သတိပြုချင်စရာ ကောင်းလောက်အောင် နာမည်ကျော် ချန်ပီယံ ဒယ်ဒီသည် ရေတပ်များကို ပိတ်ပင်ပြီးချိန်တိုင်း သတိပေးသည့် မက်ဆေ့ချ် တစ်ခုကိုသာ ချန်ထားတတ်သည်။ အခြား အချိန်များတွင်မူ သူက ဆုလက်ဆောင်ပဲ ပေးတတ်ကာ မက်ဆေ့ချ် တစ်စောင်မျှ ချန်မထားတတ်ပေ။

လူတော်တော်များများက သူ့ကို အေးစက်သော အစ်ကိုကြီး (သို့မဟုတ် အစ်မကြီး) လို့သာ မှတ်ယူထားကြပြီး ယခုအချိန်တွင်မူ သူတို့ မှတ်ယူထားသော အေးစက်သည့် ပုဂ္ဂိုလ်သည် ချစ်စရာ ကောင်းသည့် ဟန်ပန်ပြုလုပ်နေပြီး တင်ဆက်သူအတွက် အလွန်အကျူး‌ မြှောက်ပင့်နေဟန် ချီးကျူးစကားတွေ ပစ်လွှတ်နေခဲ့သည်။

သူတို့က သူ့ကို အမြဲတမ်း အထင်လွဲနေတာ ဖြစ်နိုင်ပါ့မလား။ နာမည်ကျော် ချန်ပီယံ ဒယ်ဒီသည် တကယ်တမ်းတော့ ချစ်စရာကောင်းသော မိန်းကလေး တစ်ယောက်ဖြစ်ပြီး အေးစက်သည့် အစ်ကိုကြီး (သို့မဟုတ်) အစ်မကြီး မဖြစ်နိုင်ဘူးလား။

ရုတ်တရက် တောင်တန်းပေါ်က ပိုးစာပင်ရဲ့ ချစ်စရာကောင်းသည့် အပြုအမူလေးတွေ ရောင်းချလိုက်သည့် ဖြစ်ရပ်ကြောင့် ဖန်သားပြင်ပေါ်တွင် အချိန်နှင့် တစ်ပြေးညီ မှတ်ချက်များ ခေတ္တခဏမျှ ရှင်းလင်းသွားခဲ့သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် မှတ်ချက်တစ်ခု ပေါ်ထွက်လာသည်။

[ဒါဆို၊ တင်ဆက်သူမှာ သကြားမေမေ ရှိတာလား။ (Smug dog meme) (smug dog meme)]

အနီးပတ်ဝန်းကျင်ရှိ ပရိသတ်တွေ, “….”

စုယန်ယန်လည်း ရုတ်တရတ် အသိပြန်ဝင်လာပြီး အပြုံးတစ်ပွင့်ကို ညှစ်ထုတ်ပြုံးရန် ကြိုးစားလိုက်သည်။

“နှစ်သိမ့်ပေးလို့ ကျေးဇူးပါ၊ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းကြီးကြပ်သူရေ၊ ကျွန်မ အဆင်ပြေပါတယ်။ သူတို့ ကျွန်မကို စိတ်ဆိုးဒေါသ ထွက်စေချင်မှန်း ကျွန်မ သိပါတယ်။ အဲ့တာကြောင့် သူတို့ ဖြစ်စေချင်သလိုမျိုး ကျွန်မ လဲပြိုကျပြီး ဒေါသထွက်နေရင် ကျွန်မပဲ ပင်ပန်းဆင်းရဲ နေရလိမ့်မယ်။ တစ်ယောက်ယောက်က ဒေါသ ထွက်စေချင်ရင် အဲ့တာက သူတို့ပဲ ဒေါသထွက်သင့်တယ်။ သူတို့ရဲ့ အကောင့်တွေ အများကြီး ပိတ်ပင် ခံလိုက်ရလို့ သူတို့ ပိုက်ဆံတွေ ဘယ်လောက်တောင် ဆုံးရှုံးသွားမလဲတောင် မသိတော့ဘူး”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWaar verhalen tot leven komen. Ontdek het nu