part 74

2.6K 320 3
                                    

Unicode

အခန်း (၇၄) - အသူရာ ၂.၀၏ စစ်မြေပြင်များ

အမူအရာ ကင်းမဲ့နေသော အမျိုးသား သုံးယောက်ကြားက ဓားမြှောင်လို အကြည့်တွေ အသီးသီး ထွက်အံကျ လာခဲ့သည်။ သူတို့ မျက်ဝန်းများမှ စူးရှတောက်လောင်နေသော မီးတောက်များက ဘေးဘီကို ထိတ်လန့် သွားစေခဲ့သည်။

အဆုံး၌ စုယန်ယန်သည် တိတ်ဆိတ်နေမှုကို ပထမဆုံး ဖြိုခွင်းခဲ့သည်။ သူမက မတ်တပ်ရပ်ပြီး ဟောက်ချန်ဟွမ်းကို ရွှင်မြူးစွာ နှုတ်ဆက်လိုက်သည်။

“ရှင် ညစာစားဖို့ အချိန်ကိုက် ရောက်လာတာပဲ။ အထဲကို ဝင်ခဲ့လေ”

စုယန်ယန်သည် သူမလက်ကို ဆန့်ထုတ်ပြီး မည်သည့်စကားမှ မဆိုပဲ သူ့ပခုံးကို ညှစ်လိုက်သည်။

ထိုဆုပ်ကိုင်မှုသည် တိုတောင်းသော အထိအတွေ့တစ်ခု ဖြစ်သော်လည်း သူနှင့် မသက်ဆိုင်ခဲ့သော နွေးထွေးမှုနှင့် နူးညံ့မှုတို့ကို ခံစားရစေကာ ဟောက်ချန်ဟွမ်းသည် သူ့နှလုံးသားထဲတွင် ထူးထူးခြားခြား ပြီးပြည့်စုံသွားသလို ခံစားလိုက်ရသည်။

စုယန်ယန်က ဟောက်ချန်ဟွမ်းကို သူမဘေးတွင် ထိုင်ဖို့ ဘီးတပ်ကုလားထိုင်ကို တွန်းလာပေးကာ အန်တီလီအား သွမ်းသွမ်းကို ဘေးဘက်တွင် ခွေးစာကျွေးဖို့ ခိုင်းစေလိုက်သည်။

သွမ်းသွမ်းသည် အလွန်မပျော်ရွှင်ပေ။ သူလေးက မထွက်သွားခင်မှာ သူ့ပိုင်ရှင်ဖြစ်သူအား သူ့ခွေးဖေဖေကိုကျ အရသာရှိသော ဟင်းလျာများကို ကျွေးမွေးပြီး သူ့ကျတော့ အေးစက်သည့် ခွေးစာများကိုသာ ကျွေးမွေးသည့်အတွက် ဝမ်းနည်းအပြည့်ဖြင့် ဆူညံစွာ စကားပြောခဲ့သည်။ သူမက သူလေးရဲ့ နုနယ်လှတဲ့ နှလုံးသားလေးကို ကြေကွဲစေခဲ့သည်။ လုံလောက်ပါပြီ၊ ဒီကလေးလေးက သူ့ရဲ့ ခွေးဖေဖေရှေ့တွင် မျက်နှာသာရမှုကို ဆုံးရှုံးသွားခဲ့သည်။

စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ ဘီးတပ် ကုလားထိုင်အား စားပွဲအမြင့်နှင့် လိုက်လျောညီထွေမှု ရှိအောင် ချိန်ညှိပေးရာတွင် ကျွမ်းကျင်လိမ္မာခဲ့ပြီး သူ့ကို ဦးတည်လာသည့် မနာလိုမှု လှိုင်းလုံးများကို အမှတ်မထင် လှုံ့ဆောင်နိုင်ခဲ့သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးDonde viven las historias. Descúbrelo ahora