part 92

2.3K 279 3
                                    

Unicode

အခန်း (၉၂)
သတို့သမီးလောင်းကို တွေ့တာနဲ့ အမေကို စွန့်ပစ်လိုက်တယ်

ကျယ်ဝန်းပြီး တောက်ပနေသော ဆိုက်ရောက်ခန်းတွင် အရပ်ရှည်ပြီး သွယ်လျသော ပုံရိပ်တစ်ခုဟာ အဝေးတစ်နေရာမှ ဖြည်းညင်းစွာ လမ်းလျှောက် လာခဲ့သည်။

သူမသည် ပေါ့ပေါ့ပါးပါး ဂျင်းဝတ်စုံပေါ်တွင် အဝါရောင် အင်္ကျီကို ထပ်ဝတ်ဆင်ထားကာ နွေးထွေးမည့်ပုံ ပေါ်သည့်အပြင် ဖက်ရှင် ကျနေတာကိုလည်း တွေ့မြင်နိုင်သည်။ သူမသည် ကမ္ဘာမြေကြီးပေါ်တွင် ပေါ်ထွက် လာသော်လည်း သူမရဲ့ အေးစက်နေသည့် အမူအရာက သူမကို ချဉ်းကပ် လွယ်မယ့်ဟန် မပေါ်စေပေ။

ဒီအမျိုးသမီးရဲ့ အထူးခြားဆုံး အရာကတော့ သူမလက်ထဲမှာ ပွေ့ဖက်ထားသည့် အညိုရောင် ကော်ဂီခွေးငယ်လေးပင် ဖြစ်သည်။

ဒီကော်ဂီခွေးငယ်လေးဟာ ရွှေပလ္လင်ပေါ်တွင် ထိုင်နေသည့် မင်းသမီးလေး တစ်ပါးလိုပါပဲ။ သူလေးဟာ ပိုင်ရှင်၏ လက်မောင်းပေါ်တွင် သူလေးရဲ့ မေးစေ့ကို အသာတင်ထားကာ ပတ်ဝန်းကျင် တစ်ဝိုက်ကို အေးအေးဆေးဆေး စူးစမ်းနေခဲ့သည်။

“ရှောင်ချီ ငါ ဒီမှာ” စုယန်ယန်သည် အဝေးမှ ရင်းနှီးနေသော ပုံရိပ်လေးကို မြင်လိုက်ရပြီး သူမ၏အာရုံကို ဖမ်းစားနိုင်ရန် လက်တွေကို အလျင်အမြန် ဝှေ့ယမ်းပြလိုက်သည်။

လင်းရှောင်ချီသည် စုယန်ယန်၏ အသံကို ကြားလိုက်ရသော အခါတွင် သူမ၏ နေကာမျက်မှန်ကို အမြန်ချွတ်လိုက်သည်။ နွေးထွေးသော အပြုံးလေး တစ်ပွင့်က သူမမျက်နှာပေါ်ရှိ အေးစက်သော အငွေ့အသက်များအား ပျောက်ကွယ် သွားစေသည်။

“နင် အကြာကြီး စောင့်လိုက်ရလား။ နင် ဘယ်လိုဖြစ်လို့ ဒီလောက် စောစောလာရတာလဲ။ ငါ နင့်ကို ခဏလောက် စောင့်ရဦးမယ် ထင်နေတာ”

“ငါ နင်နဲ့ ငါတို့ ဟွားဟွားကိုတွေ့ဖို့ မစောင့်နိုင်တော့လို့လေ”

စုယန်ယန်သည် အတိတ်ဘဝတုန်းက သူမအပေါ် အနစ်နာခံ ပေးဆပ်ခဲ့ရသော်လည်း ပျော်ရွှင်ဖွယ် အဆုံးသတ်လေးကို မရရှိခဲ့သော သူမရဲ့ အချစ်ဆုံး သူငယ်ချင်းကို အနားရောက်ရောက်ချင်း မပွေ့ဖက်ပဲ မနေနိုင်ခဲ့ပါ။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးDonde viven las historias. Descúbrelo ahora