part 121

1.8K 201 2
                                    

Unicode

အခန်း (၁၂၁)
ရှုပ်ထွေးနေသည့် အမြောက်စာ ညီအစ်ကိုကြား ပတ်သက် ဆက်နွှယ်မှု

စုယန်ယန်သည် နျဉ်မိသားစုရဲ့ အကြီးဆုံးသား ဖြစ်သူနှင့် ပထမဆုံး တွေ့ဆုံသည့် အချိန်တွင် သူ့အပေါ် ခံစားချက်က သာမန်လိုပင် ခံစားရသည်။

ဒီလူသည် တည်ကြည်သော အသွင်အပြင် ရှိသော်လည်း သူ့မှာ ကွယ်ဝှက်ထားတဲ့ ညီအစ်ကို ရှုပ်ထွေးမှု တစ်ခုရှိသည်။ သူမ အရင်ဘဝတုန်း နျဉ်ချီလွေ့ သေဆုံး သွားပြီးနောက် ညီငယ်ရဲ့ နောက်ဆုံး ဆန္ဒနှင့် သူ့မိခင်ရဲ့ မေတ္တာရပ်ခံမှုကြောင့် ဝမ်ကျင့်ဖျင်ကို အကြိမ်ကြိမ် ကူညီခဲ့သည်။

သူ့သူငယ်ချင်းတွေနဲ့ လက်အောက် ငယ်သားတွေတောင်မှ ဝမ်ကျင့်ဖျင်အပေါ် သူ့သဘောထားက အလွန် ထူးခြားသည်ဟု သံသယ ဝင်ခဲ့ကြသည်။

နောက်ပိုင်းတွင် ဟောက်ချန်ဟွမ်းသည် သူနှင့် ထိပ်တိုက် တွေ့ဆုံချိန်တွင် သူမအပေါ် သူ့ရဲ့ခံစားချက်ကို မနေနိုင်တဲ့ အဆုံး တိုက်ရိုက် မေးမြန်းလိုက်သည်။

ဟောက်ချန်ဟွမ်းရဲ့ အနားမှာရှိတဲ့ စုယန်ယန်သည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြားခဲ့ရသည်။ အစ်ကိုကြီးနျဉ်က ပြောသည်။

“သူမက နျဉ်ချီလွေ့ မသေဆုံးခင်မှာ လက်မလွတ်နိုင်တဲ့ တစ်ဦးတည်းသော လူပဲ။ အကယ်၍ သူမသာ သေဆုံးသွားခဲ့ရင် ငါ့ညီငယ်လေးကို အရမ်းချစ်တဲ့ ငါ့အမေ ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ဒါကို ငါ မစွန့်စားနိုင်ဘူး။ ငါ သေဆုံးသွားတဲ့ အခါကျရင် ချီလွေ့နဲ့ မျက်နှာချင်း မဆိုင်နိုင်မှာကို ပိုစိုးရိမ်တယ်”

တိုတိုပြောရရင် သူ့မှာ ဝမ်ကျင့်ဖျင် အပေါ် ခံစားချက် မရှိသလို သူမ ဘာလုပ်နေတယ် ဆိုတာကိုလည်း စိတ်မဝင်စားပေ။ သူက သူ့ညီငယ်လေးကြောင့် သူမလို သာမန် အမျိုးသမီး တစ်ဦးကို ကူညီပေးခဲ့တာ ဖြစ်ပြီးတော့ သူ့မိခင်ရဲ့ တစ်စုံတစ်ယောက် အပေါ် နှောင်တွယ်နေတဲ့ ခံစားချက်တွေ ပျောက်ဆုံးသွားမှာကို စိုးရိမ်နေတာကြောင့်ပင်။

ဟောက်ရှောက်ဖုန်းနှင့် ဝမ်ကျင့်ဖျင်တို့သည် သူ့ရဲ့ ကြင်နာမှုအပေါ် ကျေးဇူးကန်းခြင်းဖြင့် ပြန်တုံ့ပြန် လိမ့်မယ်လို့ နျဉ်စစ်ယွမ်ဟာ လုံးဝ မထင်ထားခဲ့ပေ။ ထိုစုံတွဲက စုမိသားစုရဲ့ ပိုင်ဆိုင်မှုများကို လိမ်လည် လှည့်ဖြားဖို့ ကြိုးစားသော အခါတွင် သူ့မိသားစုက ကာကွယ်ပေးဖို့ ကြိုးစားခဲ့သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now