part 25

4.4K 488 1
                                    

unicode
အခန်း(၂၅) - ကိုယ်စားဖူးခဲ့သမျှ ဆန်ပြုတ်ထဲမှာ အကောင်းဆုံးပဲ

စုယန်ယန်သည်လည်း ယုကျစ်ယန်နှင့် တူညီသည့် မျက်နှာအမူအရာလေး ဖြစ်သွားသည်။ သူမ မျက်တောင်တစ်ချက် ခတ်လိုက်မိကာ မယုံနိုင်လောက်သော အကြည့်ဖြင့်ကြည့်ကာ မေးလိုက်မိသည်။

“ရှင် ဘာလို့ ဒီလိုထင်ရတာလဲ။ တစ်ယောက်ယောက်က ရှင့်ကို တစ်ခုခုပြောခဲ့လို့လား”

ဟောက်ချန်ဟွမ်းသည် သေချာပေါက် သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရင်း သူမပြောလိုက်သည့် စကားကို ကြားမိလိုက်ပြီး စိတ်မကောင်းဖြစ်မိကြောင်း ဝန်ခံပြောဆိုဖို့ အစီအစဉ် မရှိပေ။ သူက နှုတ်ခမ်းအသာဆူရင်း “ကိုယ်က မင်းထက် မျိုးဆက်တစ်ဆင့်မြင့်တဲ့ သူလို့ သတ်မှတ်နိုင်တယ်လေ” ဟု တိုးတိုးလေး ပြောလိုက်သည်။

ဒီစေ့စပ်ပွဲ မတိုင်ခင်က စုယန်ယန် သို့မဟုတ် သူမ၏အစ်ကိုပင် ဖြစ်စေကာမူ ထိုမျိုးဆက်မှ သူများသည် သူ့ကို ဦးလေးဟု ခေါ်ဆိုရပေမည်။

စုယန်ယန်သည် အခုပြဿနာ၏ အဓိကအကြောင်းအရင်းကို ချက်ချင်း နားလည်သွားကာ သူမ ရယ်ချင်စိတ်ကို ထိန်းထားနိုင်ခြင်း မရှိပေ။

“ရှင်က မျိုးဆက်တစ်ဆက်မြင့်တယ်ဆိုတိုင်း အသက်ကြီးတယ်လို့ မဆိုလိုဘူး။  ကျွန်မအမေ မိသားစုဘက်မှာဆို အသက် ၈ နှစ်အရွယ်သာ ရှိသေးတဲ့ ကျွန်မနဲ့ဆို ဦးငယ်လေး တော်စပ်တဲ့ ကလေးတစ်ယောက်ရှိတယ်။ သူက နှာချေးတွဲလောင်းနဲ့ မျောက်တစ်ကောင်လို ဆော့ကစားနေတုန်းပဲ။ ရှင် သူနဲ့ မျက်နှာချင်းဆိုင်တွေ့ရင် သူ့ကို အသက်ကြီးတယ်လို့ ရှင်ပြောလိုက်တာနဲ့ သူငိုပြီး အိမ်က လူကြီးတွေကို ပြန်ပြေးပြီး တိုင် မတိုင် ကျွန်မ လောင်းကြေး ထပ်လိုက်ချင်သေးတယ်”

ဟောက်ချန်ဟွမ်းသည် ခဏလောက် ကြက်သေ သေသွားသည်။ ထိုမြင်ကွင်းကို သူ မသိစိတ်ကနေ စိတ်ကူးယဉ်ကြည့်ပြီး သူ့မျက်လုံးများတွင် တောက်ပသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

စုယန်ယန်သည် သူ့မျက်နှာအမူအရာ အပြောင်းအလဲကို သတိပြုမိပြီး သူ့အကြောင်း ပြောဆိုကြသော အပြင်လူများ၏ မှတ်ချက်များကို သူမစိတ်ထဲ အမှတ်ရသွားမိသည်။ သူ့စိတ်ထဲတွင် မည်မျှ လေးလံနေမည်ကို သူမ ခန့်မှန်းနိုင်သောကြောင့် သူ့လက်ကိုဆွဲကာ “ရှင်က အသက်မကြီးသေးပါဘူး။ အဲဒီအစား ရှင်က အရမ်းချစ်စရာ ကောင်းတယ်လို့ ကျွန်မထင်တယ်”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now