part 107

2K 222 2
                                    

Unicode

အခန်း (၁၀၇)
နှင်းမှုန်စမ်း သစ်သီးနွားနို့အချိုပွဲ

စုယန်ယန်သည် ပါဝင်ပစ္စည်းများ အားလုံးကို စားပြပြီးနောက်တွင် သူမ၏ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုသူများသည် တရုတ်ဆီးသီးနှင့် ကြာစေ့တွေကို အစိမ်းလိုက် စားသုံးနိုင်ကြောင်း နောက်ဆုံးတွင် နားလည် သဘောပေါက် သွားခဲ့ကြသည်။

ဒီဆေးဖက်ဝင် ပါဝင်ပစ္စည်းများကို ရရှိနိုင်မှုနှင့် ပတ်သက်၍ ငြင်းခုံနေမည့်အစား သူတို့ဟာ ဒါတွေကို အလျင်အမြန် မြည်းစမ်းကြည့်ကြသည်။

[အမ်... တရုတ်ဆီးသီးတွေက တကယ်ချိုတာပဲ။ သူတို့က အကောင်းဆုံး သရေစာတွေ ဖြစ်နိုင်တယ်။ ငါ့ပါးစပ်ထဲကို တစ်ခုပြီးတစ်ခု ထိုးထည့်နေမိတာကို မရပ်တန့်နိုင်တော့ဘူး။]

[ငါက ကြာစေ့တွေကို ပိုကြိုက်တယ်။ သူတို့တွေကို အချိန်အကြာကြီး တကျွတ်ကျွတ် ဝါးစားနိုင်တာက ငါ့စိတ်ကြိုက်ပဲ။]

တချို့တွေက သိချင်စိတ်ကို ထိန်းမထားနိုင်လို့ လက်ကျန် ဂျင်ဆင်းကိုပါ တိတ်တဆိတ် မြည်းစမ်း ကြည့်ကြသည်။

[ဒီဂျင်ဆင်းက အရမ်းခါးလွန်းလို့ ငါ ပထဆုံး မြည်းမြည်းချင်းမှာပဲ ထွေးထုတ်လုမတတ် ဖြစ်သွားခဲ့တယ်။ ဒါတောင်မှ ခဏကြာတော့ အဲဒီ အခါးအရသာက ပျောက်သွားခဲ့ပြီး ထူးခြားတဲ့ ချိုမြိန်တဲ့တစ်ခုက အစားထိုး ဝင်ရောက်လာတာကို တွေ့ရှိလိုက်ရတယ်။]

ချက်ချင်းပင် စကားဝိုင်း၏ ခေါင်းစဉ်ဟာ ပြောင်းသွားခဲ့သည်။ သူတို့အားလုံးဟာ ပါဝင်ပစ္စည်းများ၏ အရသာနှင့် သူတို့စိတ်ကြိုက်များကို ဆွေးနွေးဖလှယ်ကြကာ အရင်က သူတို့ မေးခဲ့သည့် အကြောင်းအရာအား လုံးဝ မေ့လျော့ သွားခဲ့ကြသည်။

စုယန်ယန်သည် သူတို့ အာရုံပြောင်း သွားတာကို မြင်လိုက်ရပြီး သူမ သူတို့ကို ဆေးဖက်ဝင် ပါဝင်ပစ္စည်းများအား စားသောက်ပြနေခြင်းကို ရပ်တန့်လိုက်သည်။ သူမသည် လိုအပ်သော ပါဝင်ပစ္စည်းများ အားလုံးကို အိုးထဲသို့ထည့်၊ ရေထည့်ပြီးတော့ မီးဖိုပေါ်တွင် တည်ထားလိုက်သည်။ ထိုအချိန်အတွင်း သူမဟာ ဟင်းသီးဟင်းရွက် ဟင်းလျာအချို့ကို ချက်ပြုတ်ပြင်ဆင်ခဲ့သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now