part 67

2.9K 287 2
                                    

Unicode

အခန်း(၆၇) - သစ်ကြံပိုးခေါက်ဝက်ဗိုက်သားစွပ်ပြုတ်

"ကောင်းပြီ၊ ဒီအကြောင်းအရာကို ခဏထားပြီး ကျွန်မတို့ရဲ့ ဒီနေ့ခေါင်းစဥ်ကို ပြန်သွားကြရအောင်။ ကျွန်မတို့ ဒီနေ့ချက်ပြုတ်မယ့် ပထမဆုံးဟင်းလျာကတော့ ငါးဟင်းပဲ ဖြစ်ပါတယ်။ အဓိက ပါဝင်ပစ္စည်းများကတော့ မြက်ငါးကြင်း၊ ဂျင်း၊ ကြက်သွန်ဖြူ နဲ့ ငရုတ်သီးတွေပဲ ဖြစ်ပါတယ်။ ကျန်ရှိသော ဟင်းသီးဟင်းရွက်များကိုတော့ ကြည့်ရှုများ ကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။"

စုယန်ယန်က သတိပေးချက်တစ်ခု ထပ်ထည့်လိုက်သေးသည်။ "ငရုတ်သီးတွေရဲ့ အနံ့အရသာက စူးရှပြင်းထန်လွန်းတဲ့အတွက် မင်းတို့ ပထမဆုံးအကြိမ် သူ့ကို အနံ့ခံမိရင် တချို့လူတွေအတွက် အသက်ရှုကျပ်စေနိုင်တာမို့ မင်းတို့ရဲ့ အနံ့အရသာမြည်းစမ်းဖန်ရှင်ကို ပိတ်ထားဖို့ ရွေးချယ်နိုင်ပါတယ်။"

စုယန်ယန်သည် ထို့သို့ပြောရင်း တစ်ချိန်တည်းတွင် သုံးပေါင်၊ လေးပေါင်ခန့်ရှိသော မြက်ငါးကြင်းရဲ့ ခေါင်းနှင့် အမြီးကို ခုတ်ဖြတ်ပြီးနောက် သူမသည် ကျန်အပိုင်းများကို တုံးတစ်လိုက်သည်။

အစောပိုင်းမှ ရရှိထားခဲ့သော ဓားစွမ်းရည်သည် နောက်ဆုံး၌ ဒီအချိန်တွင် အသုံးချနိုင်ခဲ့ပြီး ငါးအသားတုံးများကို သင့်တော်သည့် အရွယ်အစားတူ အတုံးလေးများဖြစ်အောင် တုံးတစ်လိုက်ပါသည်။ ထို့နောက် ငါးအသားတုံးများကို ဟင်းချက်ဝိုင်ထည့်ကာ နှပ်ထားလိုက်သည်။

လှီးဖြတ်ထားသော ငါးခေါင်းနှင့် ငါးမြီးကိုတော့ ကြော်လှော်ပြီးပါက ဘေးဖယ်ထားပြီး ငရုတ်သီးကို စတင်ကြော်လှော်နိုင်ပြီ ဖြစ်သည်။

ငရုတ်သီးများကို အိုးထဲသို့ လောင်းထည့်လိုက်တာနဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် စူးရှပြင်းထန်တဲ့ ညှော်နံ့တွေ ပြည့်နှက်သွားခဲ့သည်။

စုယန်ယန်က သူတို့ကို သတိပေးခဲ့သော်လည်း တော်တော်များများက ငရုတ်ညှော်နံ့ကြောင့် အသက်ရှုကျပ်သွားခဲ့ပြီး အနံ့နှင့် လိုက်လျောညီထွေ မဖြစ်နိုင်သူအချို့မှာတော့ နှာချေခြင်းကို မရပ်တန့်နိုင်တော့ပါ။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now