Part 160

1.4K 147 0
                                    

Unicode

အခန်း (၁၆၀)
အစွန့်ပစ်ခံရသည့် စစ်တုရင်အပိုင်းအစလေး

ဝမ်ကျင့်ဖျင်သည် လွန်ခဲ့သော ရက်အနည်းငယ်က တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်များကြောင့် စိတ်ပင်ပန်းနေပြီ ဖြစ်သည်။ နျဉ်ချီလွေ့သည် အခု သူမမှာရှိသော တစ်ခုတည်းသော အသက်ကယ်မြက် ဖြစ်နိုင်တယ် ဆိုတာ သိထားသော်လည်း သူမစိတ်ထဲမှာ မကျေနပ်မှုများ တိုးပွားလာနေဆဲ ဖြစ်သည်။

သူမ၏ စကားသံတွင် စိတ်မရှည်သည့် အရိပ်အယောင် ပါဝင်လာခဲ့သည်။

“ညီမလည်း ဒီနှစ်ရက်အတွင်းမှ အားလပ်နေတာ။ အစ်ကိုချီလွေ့၊ အခု ရှင် ဘယ်ဆေးရုံမှာ တက်နေတာလဲ။ ညီမ အစ်ကိုကို လူနာသတင်းမေး လာလို့ ရမလား”

အကယ်၍ ပုံမှန်အချိန်တွေဆိုရင် ဝမ်ကျင့်ဖျင်က သူနှင့်တွေ့ရန် အစပြုခဲ့မယ်ဆိုရင် နျဉ်ချီလွေ့သည် စိတ်အား ထက်သန် နေပေလိမ့်မည်။ သူသည် သူမအတွက် အမျိုးမျိုးသော ကိစ္စရပ်တို့ကို စီစဉ်ပေးရန် အစပြုကာ သူမကို လူကိုယ်တိုင် သွားရောက် ကြိုဆိုလာရန် တစ်ယောက်ယောက်ကိုပင် စေလွှတ်ပေးခဲ့မည် ဖြစ်သည်။

သတင်းထောက်များကို သတင်းယူရန် အခွင့်အရေးပေးပြီး သတင်းစာ ခေါင်းကြီးပိုင်းတွင် ပေါ်လာလိမ့်မည် ဖြစ်သည်။

သို့ရာတွင် ဒီတစ်ခါမှာတော့ သူ့အစ်ကိုဖြစ်သူ သူ့ကို ဒီကိစ္စနှင့် ပတ်သက်ပြီး သေသေချာချာ ပြောခဲ့သောကြောင့် အနည်းငယ် စိတ်ရှုပ်ထွေး နေသေးသည်။

ဝမ်ကျင့်ဖျင်၏ စကားကို ကြားလိုက်ရသော အခါတွင် ရုတ်တရက် စိတ်မသက်မသာ ဖြစ်သလို ခံစားလိုက်ရပြီး သူမ၏ ကမ်းလှမ်းချက်ကို မစဉ်းစားပဲ ငြင်းပယ် လိုက်သည်။

“မေ့လိုက်ပါ၊ ဆေးရုံက အနံ့ပြင်းပြီး လူရှုပ်တယ်။ မင်း ဒီကိုလာဖို့ သိပ်အဆင်မပြေဘူး”

နျဉ်ချီလွေ့က ဒီလို ပြောလိုက်ပေမယ့် သူ့စိတ်မှာတော့ မျှော်လင့်ချက် အနည်းငယ် ကျန်ရှိနေသေးသည်။ အကယ်၍ ဝမ်ကျင့်ဖျင်သာ သူ့ကို အမှန်တကယ် ဂရုစိုက်တယ်ဆိုရင် ဒီအဆင်မပြေမှုတွေကို သူမ ဂရုမစိုက်ပဲ သူ့ဆီ လာလည်လိမ့်မယ်လို့ တွေးနေမိသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးOù les histoires vivent. Découvrez maintenant