part27

4.2K 447 7
                                    

unicode
အခန်း(၂၇) - ဆန်းကြယ်သော မေးခွန်း

ယုကျစ်ယန်သည် အသက်ပြင်းပြင်းရှူကာ

သူ့အပြုံးကို ထိန်းသိမ်းဖို့ ကြိုးစားရင်း “အဲ့တာက ပြဿနာရှိလို့လား” လို့ မေးမြန်းလိုက်သည်။

“ငါ အချစ်ရေးမှာ အတွေ့အကြုံရှိတဲ့ သူတစ်ယောက်နဲ့ တိုင်ပင်ဆွေးနွေးချင်တယ်။ စုံတွဲတွေကြားက ပြဿနာတွေနဲ့ ပတ်သက်ပြီး ငါ့မှာ မေးစရာ မေးခွန်းအချို့ရှိတယ်”

ယုကျစ်ယန်က သူ့မျက်ခုံးကို အသာပင့်ရင်း အနည်းငယ် အထင်သေး ရှုတ်ချလိုဟန်ဖြင့်

“အဲ့တာက ပြဿနာမဟုတ်ပါဘူး။ ကျွန်တော် နည်းနည်းတော့ ကူညီပေးနိုင်မှာပါ” လို့ ပြောလိုက်သည်။

“မင်းလား”

ဟောက်ချန်ဟွမ်းက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးတွေက သိချင်စိတ်ဖြင့် တောက်ပနေသည်။

“...” ယုကျစ်ယန် တိတ်ဆိတ်သွားသည်။

‘သခင်လေး မင်း ဘာလို့ ငါ့ကို  သံသယဝင်နေတာလဲ။ ငါက မင်းကို ဘယ်လိုလုပ်ပြီး လိမ်ပြောနိုင်မှာလဲ။ ငယ်ရွယ်တဲ့အချိန်တုန်းက ဘယ်သူကများ မချစ်ဘူးပဲ နေခဲ့လို့လဲ။ ဒါကို မင်းသိမှာပါ’

“အဟွတ်... အဟွတ် အခု ကျွန်တော့်မှာ လက်ရှိရည်းစားမရှိပေမယ့် အရင်တုန်းက တွဲဖူးတဲ့သူ အနည်းငယ်ရှိပါတယ်။ ကောင်းပြီ၊ အဲ့တာကို အတွေ့အကြုံတစ်ခုလို့ ယူဆလို့ရတယ်လေ”

ယုကျစ်ယန်သည် သူ့ကိုယ်သူ ကိုယ်ရည်သွေးသော စကားများ အနည်းငယ် ပြောလိုက်တာက သူ့အစာကိုစားရင်း အလုပ်များသည့် သွမ်းသွမ်းရဲ့အာရုံကို စွဲ‌ဆောင်သွားမိသည်။

သူလေးက သူ့ကို အမှိုက်ကောင်တစ်ကောင်လို့ ပြောနေတဲ့အတိုင်း မော့ကြည့်လိုက်သည်။

“!!!” ‘ဒီခွေးက အရမ်းဉာဏ်ကောင်းတယ်လို့ ငါ့ကို လာမပြောနဲ့’

ဟောက်ချန်ဟွမ်းသည် လူနှင့် ခွေးတစ်ကောင်တို့ အကြည့်ချင်း ဖလှယ်နေသည်ကို သေချာပေါက် သတိမထားမိခဲ့ပေ။ သူက ယုကျစ်ယန်ပြောတာကို နားထောင်ပြီးနောက် အေးအေးဆေးဆေး စပြောလိုက်သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now