part 66

2.9K 312 2
                                    

unicode

အခန်း(၆၆) - ပါးစပ်အပြည့် ခွေးစာ စားလိုက်ရတယ်

ကျန်နှစ်ယောက်မှာလည်း အလားတူ အခြေအနေချင်း ရှိခဲ့ပြီး သူတို့သည် ပြန်လည်သက်သာ ကောင်းမွန်လာသော စစ်ဆေးချက်များ ရရှိခဲ့ကြသည်။ သူတို့သည် အချိန်နှင့်တပြေးညီ မှတ်ချက်များ ပေးပို့ရန် ရှက်ရွံ့မိပေမယ့် သူတို့က ကျေးဇူးတင်ရှိကြောင်း ပြသလိုသေးသည်။

စုယန်ယန်သည် သူတို့ထဲမှ လူတချို့က ဆုလက်‌ဆောင်များ ပေးပို့နေတာကို မြင်လိုက်သည်နှင့် သူမ ဘာကိစ္စကြောင့်မှန်း သိလိုက်သည်။

သူမသည် လူတချို့ထံမှ ယုံကြည်မှုရမှတ်များကို လက်ခံရရှိထားပြီးဖြစ်သောကြောင့် သူတို့ သူမစွပ်ပြုတ်ကို သောက်ပြီး ထိုစွပ်ပြုတ်၏ အကျိုးအာနိသင်ကို ခံစားရကြောင်း ညွှန်ပြနေသည်။

ကြည့်ရှုသူများကို ကျေးဇူးတင်ရှိကြောင်း ပြောပြပြီး‌‌နောက် သူမသည် ဒီနေ့ အစီအစဥ်အကြောင်းကို သူတို့အား ပြောပြခဲ့သည်။

“သတင်းကောင်းနဲ့ သတင်းဆိုး ရှိပါတယ်၊ ဘယ်တစ်ခုကို အရင်နားထောင်ချင်လဲ။”

အထူးတလည် သက်ရောက်မှုရှိစေသော အကြိုမိတ်ဆက်ခြင်းကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုတွင် မှတ်ချက်များစွာ ပေးပို့လာသောကြောင့် စက္ကန့်အနည်းငယ်ကြာ လိုင်းကျသွားပြီး‌နောက် တစ်စုံတစ်ယောက်က သတင်းဆိုးက ဘာလဲဟု အမေးရှိလာခဲ့သည်။ တင်ဆက်သူမှာ ပြဿနာအချို့ ကြုံတွေ့နေလို့လား။

စုယန်ယန်သည် ခဏလောက် ကြက်သေ သေသွားခဲ့သည်။ ကြည့်ရှုသူတွေ ဒီလိုမျိုး တုံ့ပြန်လိမ့်မယ်ဟု သူမ မမျှော်လင့်ထားပေ။ သူမမျက်မှောင် အသာကြုတ်မိလိုက်ပေမယ့် သူမရဲ့ရယ်ချင်စိတ်ကို မနည်းထိန်းထားလိုက်ရသည်။

“သတင်းဆိုးကတော့ ဒီနေ့ ကျွန်မတို့အိမ်ကို တစ်ယောက်ယောက် အလည်လာဖို့ရှိတော့ အခု ကျွန်မ ချက်ပြုတ်ပြင်ဆင်မယ့် ဟင်းလျာတွေက သူ့အတွက်ပဲ ဖြစ်သွားတယ်။ ဒါ့ကြောင့် ဒီနေ့ ကျွန်မချက်ပြုတ်မယ့် ဟင်းလျာတွေကို ကံစမ်းမဲ မဖောက်ပေးနိုင်ပါဘူး။ တောင်းပန်ပါတယ်။”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now