part 112

2K 214 2
                                    

Unicode
အခန်း (၁၁၂)
အမေတို့ ဒါကို မသောက်သင့်ဘူး

ချိန်ရှုချင်က သူတို့ ပြောဆိုနေသည့် စကာကို ကြားပြီး ရုတ်တရတ် ဝင်ရောက် ပြောဆိုခဲ့သည်။ “ခရမ်းချဉ်သီးတွေက တကယ် အကျိုး ကျေးဇူးများတာပဲ၊ ဒါပေမယ့် အမေကတော့ ဒီတရုတ်နံနံ တို့ဟူးကြော်ကို ပိုကြိုက်တယ်။ ကြွပ်ကြွပ်လေးနဲ့ မွှေးပျံ့တဲ့ တရုတ်နံနံက နူးညံ့တဲ့ တို့ဟူးနဲ့ လိုက်ဖက်ညီပြီး အရမ်း အရသာ ရှိတယ်”

ပြောစရာ မလိုလောက်အောင်ပင် စုယန်ယန်သည် သူမ မိခင်ဖြစ်သူ ပြောစကားကို ကြားလိုက်သောအခါ အပြုံးရိပ်များ ထင်ဟပ်နေသည့် အကြည့်လေးဖြင့် သဘာဝကျစွာ ဆက်ပြောခဲ့သည်။

“တို့ဟူးက အစာကြေစေတယ်။ မေမေ သိပ်မကြာခင်က မေမေပဲ အစာမကြေ ဖြစ်နေတယ်လို့ ပြောခဲ့တယ်လေ၊ ဒါ့ကြောင့် အဲဒီဟင်းက မေမေ့အတွက် ချက်ပေးတာပဲ”

ချိန်ရှုချင်ရဲ့ မျက်လုံးတွေဟာ ပျော်ရွှင်မှုအပြည့်ဖြင့် တလက်လက် တောက်ပလာကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“အဲ့တာဆို မေမေ ဒါကို များများစားရမယ်”

နောက်ကောက် မကျချင်တဲ့ မစ်စတာစုသည်လည်း ထိုစကားဝိုင်းထဲ ပါဝင်လာခဲ့သည်။

“ငါလည်း အမဲသား ကြိုက်တယ်။ အရင်တုန်းက အန်တီလီ အမဲသားကို ချက်ပြုတ်တဲ့ အခါ နည်းနည်း ခြောက်လွန်းတယ်၊ ဒါပေမယ့် အခုချက်ပြုတ်ထားတဲ့ အမဲသားက အရည်ရွှမ်းပြီး အနည်းငယ် ချိုတဲ့ အရသာကို ခံစားရတယ်။ ပြီးတော့ ဆီလည်း လုံးဝမရှိဘူး”

“အဲ့တာက လိမ္မော်ခွံ အခြောက်ကို ထည့်ထားလို့လေ။ လိမ္မော်ခွံ အခြောက်ရဲ့ အချဉ်ဓာတ်က အဆီကို ဖယ်ရှား ပေးတယ်။ သမီးက ဖေဖေ အမဲသားကို ခြောက်သွေ့နေရင် သိပ်မကြိုက်ဘူး ဆိုတာကို သိတယ်လေ၊ အဲ့တာကြောင့် ဒါက ဖေဖေ့အတွက် အထူးသီးသန့် ချက်ပြုတ်ထားတာပါ”

မစ်စတာစုသည် စုယန်ယန်ရဲ့ ပြောစကားကို ကြားလိုက်ရသောအခါ သူ့နှလုံးသား အောက်ခြေကနေ နွေးထွေးမှု လှိုင်းလေးများ ထွက်ပေါ်လာခဲ့သည်။ ဒါ့ကြောင့် သမီးတွေဟာ သူတို့အဖေတွေရဲ့ အချစ်ဦးလို့ ပြောကြတာကိုး။ သူမလေးသည် သူ အမဲသား ဟင်းလျာကို ခြောက်သွေ့နေရင် မကြိုက်တာကို တကယ့်ကို အမှတ်ရနေခဲ့သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now