part 124

1.8K 205 1
                                    

Unicode

အခန်း (၁၂၄)
အောင်မြင်မှုနှုန်း

နျဉ်စစ်ယွမ်က သူမ ပြောတဲ့ စကားတွေကို ဂရုမစိုက်ပဲ သူ့စိတ်ခံစားချက်တွေက ရိုလာကိုစတာ စီးသကဲ့သို့ အတက်အဆင်း မြန်ဆန်နေသည်။

“မစ်စု ပြောချင်တာက သူ့ကို ကုသပေးနိုင်တာလား”

စုယန်ယန်က သူ့ကို ပြန်မဖြေပေမယ့် ခုတင်ဘေးရှိ ဆေးစစ်ချက် ရလဒ်ကို ကောက်ယူပြီး တစ်ချက် လှန်ကြည့်လိုက်သည်။ သူမ အခုအချိန်မှာတော့ နျဉ်စစ်ယွမ်က ဘာဖြစ်လို့ ဒီလောက် စိုးရိမ်နေတာမှန်း နားလည် သဘောပေါက် သွားသည်။

သူမရဲ့ သတိပေးလိုက်သည့်တိုင် နျဉ်ချီလွေ့၏ ကျောက်ကပ် ရောဂါသည် သူမ အရင်ဘဝတုန်းက ကဲ့သို့ပင် နောက်ပြန် မဆုတ်နိုင်သော ထိတ်လန့်ဖွယ် အရှိန်ဖြင့် အလျင်အမြန် ဆိုးရွားလာခဲ့သည်။

ကျန်းမာရေး အစီရင်ခံစာတွင် ဆရာဝန်များ ပေးသော တစ်ခုတည်းသော အကြုံပြချက်မှာ လူနာအား ဆေးရုံသို့ အမြန်ဆုံး ပို့‌ဆောင်ပြီး ကုသမှု ခံယူရမည်ဖြစ်ပြီး ဒီအခြေအနေကို ထိန်းချုပ်နိုင်ရန်နှင့် ရောဂါခြေအနေကို ဆက်လက် ဆိုးရွားနေရာမှ ကာကွယ်ရန် ဆရာဝန်များနှင့် ပူးပေါင်း ဆောင်ရွက်လိမ့်ဟု မျှော်လင့်ကြောင်း အကြံပြုထားသည်။

သို့သော်လည်း ဒါက ထိန်းချုပ်ရန် ကြိုးပမ်းမှုသာ ဖြစ်နိုင်သေးသည်။

ပြန်လည် ကောင်းမွန်နိုင်ရန် မည်သူမျှ အာမခံနိုင်မည် မဟုတ်ပေ၊ ကုသမှု ခံယူဖို့ အချိန်ဆွဲထားလေလေ ထိန်းချုပ်ဖို့ ပိုခက်ခဲလေလေ ဖြစ်လာလိမ့်မည်...

နျဉ်စစ်ယွမ်သည် စုယန်ယန်၏ မျက်နှာအမူအရာ အပြောင်းအလဲကို အကဲခတ် ကြည့်ရှုနေပြီး သူ့နှလုံးသား နစ်မြှုပ်သွားခဲ့သည်။

“မစ်စု…”

“ကျွန်မ ကြိုးစားကြည့် ပေးနိုင်ပေမယ့် ကျွန်မမှာ တောင်းဆိုချက် တစ်ခု ရှိတယ်”

“ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ပြောပါ”

နျဉ်စစ်ယွမ်ရဲ့ မျက်လုံးတွေက တလက်လက် တောက်ပလာပြီး စုယန်ယန်က ဒီအခွင့်အရေးကို အသုံးချပြီး အဓိပ္ပါယ်မရှိတာ တစ်ခုခုကို တောင်းဆိုလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ...

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now