part 68

2.7K 309 0
                                    

Unicode

အခန်း(၆၈) - အခန်းကြီးကြပ်သူ ရောက်ရှိလာသည်

စုယန်ယန် ထိုသို့ရှင်းပြပြီးနောက် ဖန်သားပြင်တစ်ခွင် တစ်ဖန် ပြန်လည်အသက်ဝင်လာကာ လူအများစုသည် သစ်ကြံပိုးခေါက်က မည်သည့်ပုံသဏ္ဍာန်ရှိပြီး ဘယ်နေရာတွင် ဝယ်လို့ရရှိနိုင်မလဲဆိုတာကို မေးမြန်းကြသည်။

ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်သည့်နေ့မှစ၍ ကြည့်ရှုခဲ့သည့် ကြည့်ရှုသူများသည်ပင် သူတို့ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ရန် တရုတ်ကိုချီဘယ်ရီ၊ တရုတ်ဆီးသီးများနှင့် အခြားပါဝင်ပစ္စည်းများကို စျေးကွက်တွင် ရှာမတွေ့သည့်အတွက် စုယန်ယန်အား မေးမြန်းနေခြင်းဖြစ်သည်။

သာမာန်ကြည့်ရှုသူများကြားတွင် ပုန်းအောင်းနေသော ကီးဘုတ်ဖိုက်တာ အများအပြားသည် ဒီအကြောင်းကို မေးမြန်းနေကြသည်ကို တွေ့ရှိပြီးနောက် စတင်အသက်ဝင်လာခဲ့သည်။

[ပါဝင်ပစ္စည်းတွေကို စျေးကွက်မှာ ရှာမတွေ့ဘူး၊ မင်းက လူတွေကို လှည့်စားနေတာ မဟုတ်ဘူးလား။]

[ထောက်ခံပါတယ်၊ အမည်မသိအပင်များကို တရုတ်ဆေးဖက်ဝင်အပင်တွေလို့ ပြောပြီး လှည့်စားနေတယ်။ ဆေးဝါးတွေကို ဒီလိုပေါ့ပေါ့ပါးပါး စားသုံးနိုင်ပါ့မလား။ ပါဝင်ပစ္စည်းများကို ထောက်ခံအတည်ပြုထားတဲ့ စစ်ဆေးမှုအစီရင်ခံစာကို ဘာလို့ မပြတာလဲ။ အကယ်၍ တစ်ခုခု မှားယွင်းသွားရင် တင်ဆက်သူက တာဝန်ယူပေးနိုင်မှာလား။]

ပြဿနာများကို ဆောင်ကျဥ်းနိုင်ရန် ကြိုးစားသည့် မှတ်ချက်များ ရေးသားသော အဆိုပါ ပဟေဠိဆန်သောလူများကို မကြိုက်သော ကြည့်ရှုသူများ ရှိသော်လည်း စုယန်ယန်ဖက်မှ ရပ်တည်ပြီး သူမအတွက် စကားကူပြောပေးသည့် ကြည့်ရှုသူများ ရှိလျှင်ပင် အဆိုပါလူအုပ်စုက သူတို့ကို ရေတပ်များဟု ယူဆကြပေလိမ့်မယ်။

ထိုသို့သော အခြေအနေမျိုးအောက်တွင် အချို့သောသူတို့သည် အကြောင်းမဲ့သက်သက် အပြစ်တင်ခြင်းအတွက် မခံချိမခံသာဖြစ်နေကြပြီး အပျော်သက်သက် လာရောက်ကြည့်ရှုသော အချို့သောသူများသည် ထိုလူများ ပြောနေကြသည့် စကားများက ကျိုးကြောင်းဆီလျော်မှုရှိတယ်လို့ ထင်မြင်ကာ ယိမ်းယိုင်လာကြသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now