Part6

5.7K 646 6
                                    

unicode

အခန်း(၆) - ကျွန်မ သူ့ကို လက်ထပ်ချင်တယ်

မစ္စတာစုသည် ပုံမှန်အားဖြင့် စကားတစ်ခွန်းကိုပင် ပြောခဲသည့် နားလည်ရခက်ခဲသော လူတစ်ယောက် ဖြစ်သည်။ သို့သော် ဒီအချိန်တိုလေးအတွင်း စကားအများကြီး ပြောထွက်လာသည်က ရှားပါးသော မြင်ကွင်းတစ်ခုဖြစ်သည်။  သူ အင်မတန်ကို ဒေါသထွက်နေသည်မှာ ရှင်းနေသည်။

“အဘိုးကြီးစု ပြောတာမှန်တယ်။ ကျွန်မတို့ သမီးလေးကို ကျွန်မတို့ အရမ်းချစ်တယ်။ သူမကို အချိန်မရွေး အသက်ဆုံးရှုံးသွားစေနိုင်တဲ့ အိမ်ထောင်ရေးမျိုးကို ကျွန်မတို့ ခွင့်မပြုနိုင်ဘူး”

ဟောက်မိသားစုကိုကြည့်ရင်း ချိန်ရှုချင်၏ မျက်နှာသည် အေးစက်မာကျော နေခဲ့သည်။

“မစ္စတာဟောက် ကျွန်မတို့သမီးက သူလိုချင်တဲ့ ယောက်ျားကို ခေါင်းခေါက်ယူနိုင်တဲ့ လူမျိုးဆိုတာ ရှင် သိသင့်တယ်။ ရှင်တို့မိသားစုက ကျွန်မသမီးကို သဘောမကျတာမျိုး ရှိခဲ့ရင် ကျွန်မတို့မိသားစုကို အကျိုးအကြောင်း ပြောပြဖို့ ချိန်းဆိုနိုင်တယ်။ ကျွန်မတို့မှာ အဖိုးတန် ဒီသမီးလေး တစ်ယောက်ပဲရှိပြီး သူမနဲ့ လိုက်ဖက်တဲ့လူတွေ အများကြီးရှိတယ်။ ငါတို့က မင်းတို့မိသားစုကို မှီခိုနေစရာ မလိုဘူး။ ဒါပေမယ့် ရှင်တို့သားကတော့ ကျွန်မသမီးကို သဘောမကျတာကို ပြသဖို့ ဒီလို အနာကျင်ဆုံးနဲ့ အရှက်ရဆုံးနည်းလမ်းကို အသုံးပြုခဲ့တယ်။ ဒါကို ကျွန်မတို့ လုံးဝ ဒီအတိုင်း မထားလိုက်နိုင်ဘူး”

  

ထိုစုံတွဲ၏ စကားများသည် အလွန်တဲ့တိုးဆန်သောကြောင့် ဟောက်ချီဟန်လို လူမျိုးပင် ပြန်လည် တုံ့ပြန်စကား မဆိုနိုင်ပေ။

စုယန်ယန်က သူမမိဘများ၏ တင်းမာနေတဲ့ မေးခွန်းတွေကို အေးဆေးသည့် မျက်နှာထားဖြင့် နား‌ထောင်နေသည်။ သူမက ဒီအခြေအနေကို ပြေလျော့သွားစေရန် ရှေ့ထွက်ပြီး ဖြေရှင်းပေးလိုသည့်ဆန္ဒ မရှိပေ။

အမှန်မှာ သူမ ‌‌ဟောက်အိမ်တော်ထဲကို ရောက်သည့်အချိန်မှစ၍ တခြားသူတစ်ဦးကို ရှာဖွေရန် အာရုံအပြည့်အဝ စိုက်နေခဲ့တာ ဖြစ်သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now