part 54

3.2K 330 5
                                    

unicode
အခန်း(၅၄) - ညီမတစ်ယောက်ပါ

စုယန်ယန်သည် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ပြီးနောက် ကံထူးရှင်များထံ ပစ္စည်းများကို ပေးပို့လိုက်ပြီးနောက်တွင် သူမကို အပြင်ဖက်တွင် အကြာကြီး စောင်နေခဲ့သော သူမအစ်ကိုဖြစ်သူနှင့်အတူ အပြင်သို့ ထွက်သွားခဲ့သည်။

သူမ ကားထဲဝင်ဝင်ချင်းမှာပင် သူမ၏ တိုက်ရိုက်ထုတ်လွှင့်ကို ကြည့်ရှုသည့် သူဌေးကြီးထံမှ သီးသန့်မက်ဆေ့ချ်တစ်စောင်ကို လက်ခံရရှိခဲ့သည်။

တောင်တန်းပေါ်ကပိုးစာပင်: [မင်း ရှိလား]

ယန်: [ငါ ဒီမှာရှိပါတယ်၊ အစ်ကိုကြီး] [နာခံရိုကျိုးသော အီမိုဂျီလေးဖြင့်]

ဟောက်ချန်ဟွမ်းသည် သူ့ဖုန်းမျက်နှာပြင်ပေါ်မှ “အစ်ကိုကြီး” ဟူသော စာသားကို မြင်တော့ သူ့မျက်လုံးတွေ ကျဉ်းမြောင်းသွားသည်။ သူ့မျက်နှာပေါ်တွင် အန္တရာယ်ရှိသော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာပြီး သူ့နှလုံးသားထဲတွင် ရယ်စရာကောင်းသော ခံစားချက်တစ်ခု ရလိုက်သည်။

သူ့သတို့သမီးလောင်းက တခြားတစ်ယောက်ကို အစ်ကိုကြီးလို့ ခေါ်နေတယ်။ ထိုပုဂ္ဂိုလ်က သူ ဆိုပေမယ့် သူ့နှလုံးသားက ဒါကို လက်မခံနိုင်ဘူးလို့ ခံစားမိသည်။

သူ့ဒေါသကြောင့် ဟောက်ချန်ဟွမ်းသည် သူ တစ်ခါမှ မတွေးခဲ့ဖူးသည့် စကားတစ်ခုကို တုံ့ပြန်စကား ပေးပို့လိုက်သည်။

တောင်တန်းပေါ်ကပိုးစာပင်: [ငါက မိန်းကလေးတစ်ဦးပါ]

“ဖူး...” စုယန်ယန်သည် ထိုစကားစုကို မြင်လိုက်ရသောအခါ ထခုန်မိလုနီးပါး ဖြစ်သွားရသည်။ တစ်ချိန်တည်းမှာပင် သူမရဲ့ ထင်မြင်ချက်အပေါ် ယုံကြည်မှု အနည်းငယ် လျော့ပါးသွားခဲ့သည်။

သူမ လူမှားပြီး အသိအမှတ်ပြုထားတာ ဘယ်လို ဖြစ်နိုင်မှာလဲ။ မဟုတ်ဘူး၊ အဲ့တာ မဖြစ်နိုင်ဘူး။ သူမှတစ်ပါး အခြားသူများကိုသာ မှားယွင်းနိုင်လိမ့်မည်။

ဒါဆိုရင် ဖြေရှင်းချက်တစ်ခုပဲ ကျန်တော့သည်။ သူက သူမကို ရည်ရွယ်ချက်ရှိရှိ လှည့်စားဖို့ ကြိုးစားနေတာပဲ။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now