part 134

1.7K 206 1
                                    

Unicode

အခန်း (၁၃၄)
ခွေးတွေကို လွှတ်လိုက်

ဟောက်ချီဟန်က သားဖြစ်သူသည် စုယန်ယန်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး အခုအချိန်အထိ ဆေးရုံပေါ်မှာ လှဲနေရသေးကြောင်းကို လိမ္မာပါးနပ်စွာ ထည့်သွင်း ပြောဆိုခဲ့သည်။ သာမန်လူများ အနေဖြင့် ဒီအကြောင်းကို ကြားရင် ဒဏ်ရာရသွားသည့် လူကိုသာ အလိုအလျောက် သနားကြင်နာ မိကြလိမ့်မည်။

စုယန်ယန်က ဟောက်ရှောက်ဖုန်းကို ရိုက်နှက်ခဲ့သည့် အကြောင်းကိုအား မပြတ်မသား ပြောဆိုနေခဲ့သော်လည်း စုယန်ယန်က ဟောက်ရှောက်ဖုန်းကို ဘာကြောင့် ရိုက်နှက်ခဲ့ ရတာလဲ ဆိုသည့် အကြောင်းကိုတော့ မပြောပြခဲ့ပေ။

ဒီအကြောင်းကို မပြတ်မသား လိမ္မာပါးနပ်သည့် အသွင်ဖြင့် ဟောက်ချီဟန် ပြောဆိုနေပုံမှာ စုယန်ယန်ကို ဟောက်ရှောက်ဖုန်းက လိမ်လည် လှည့်ဖြားခဲ့သောကြောင့် ဒေါသထွက်ပြီး စုယန်ယန်က ဟောက်ရှောက်ဖုန်းကို ရိုက်နှက်ခဲ့တာ ဖြစ်သည်ဟု ရည်ညွှန်း နေပုံရသည်။

အရင် ဟောက်ရှောက်ဖုန်း လုပ်ခဲ့သည့် အပြုအမူများက မှားယွင်းနေသော်လည်း သူ့အမှားအတွက် အရိုက်ခံခဲ့ရပြီး အပြစ်တင် ကြိမ်းမောင်း ခံခဲ့ရသည်။

သူတို့က ဟောက်ရှောက်ဖုန်းကို ထိုမိန်းမနှင့် လမ်းခွဲရန် အမိန့်ပေး ထားခဲ့ပြီး အကယ်၍ စုမိသားစုကသာ သူတို့ကို ဒီအကြောင်းနှင့် ပတ်သက်၍ ဆက်လက် ပြဿနာ ရှာနေမည်ဆိုလျှင် သူတို့အလွန် ဖြစ်သည်ဟု ထင်မြင်သွားပေလိမ့်မည်။

စုယန်ယန်က တစ်ချက် ကြည့်ရုံဖြင့်ပင် ဟောက်ချီဟန် တွက်ချက်နေသည့် အတွေးများကို မြင်မိသည်။ သူမက အပြင်သို့ထွက်ပြီး ဒီအကြောင်းအား ဖော်ထုတ်လိုက်ချင်ပေမယ့် သူမအဘိုးဖြစ်သူက သူမကို နောက်သို့ ပြန်ဆွဲထားပြန်သည်။

“နင် ဘယ်သွားဖို့ စဉ်းစားနေတာလဲ”

“သမီး အပြင်ကိုသွားပြီး သူတို့ကို ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း သိရအောင် သွားပြောမလို့လေ။ သမီးက စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်း လိုက်ရတာကြောင့် စိတ်ဆိုးနေတာဆိုရင် ဟောက်ရှောက်ဖုန်းကို အရင်ကတည်းက ဆေးရုံတက်ရအောင် ရိုက်နှက်ပြီးခဲ့ပြီ။ ဒီအချိန်အထိ သမီးက ဘာဖြစ်လို့ စောင့်ဆိုင်းနေမှာလဲ”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now