part51

3.3K 352 1
                                    

unicode

အခန်း(၅၁) - လူတိုင်းကို ပိတ်ပင်လိုက်သည်

“လှပပြီး အာဟာရဖြစ်စေတယ်” ဟူသော စကားစုသည် မိန်းကလေးတိုင်းနီးပါး၏ အာခီလိဖနောင့်လိုပင် ဖြစ်သည်။ မိနစ်ပိုင်းအတွင်း မရေမတွက်နိုင်သော အမျိုးသမီးများသည် အချိန်နှင့်တစ်ပြေးညီ မှတ်ချက်များဖြင့် အော်ဟစ်ခဲ့ကြသည်။

မျက်နှာကို လှပစေပြီး အာဟာရဖြစ်စေတယ်လို့ စုယန်ယန်က ပြောလိုက်သည့်အခါတွင် ကံစမ်းမဲတွင် ဝင်ရောက်ကံစမ်းလို့ ရမလား၊ သူမဆီကနေ တိုက်ရိုက် ဝယ်ယူလို့ ရနိုင်မလား ဆိုသည့် မေးခွန်းတွေ အများကြီး တက်လာခဲ့သည်။

ယန်ယန်သည် ဤမေးခွန်းများကို မြင်သောအခါတွင် မရယ်မောပဲ မနေနိုင်ခဲ့ပါ။ “ဒီနေ့ချက်ပြုတ်တာ မှန်သမျှကို ကံစမ်းမဲဖောက်ပေးသွားမှာပါ။ ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ပြင်ဆင်ချက်ပြုတ်ထားသည့် အရာများသည် တင်ဆက်သူ တစ်ဦးတည်းသာ ချက်ပြုတ်ထားပြီး အကန့်အသတ်ရှိသောကြောင့် ရောင်းချဖို့ မလုံလောက်တာကို ကျေးဇူးပြုပြီး နားလည်ပေးကြပါ။”

သူမ ထိုသို့ပြောပြီးနောက် လူတိုင်းက စိတ်ပျက်သွားကြကာ သူတို့က ကံထူးရှင်ထဲက တစ်ယောက်ဖြစ်ဖို့ကိုပဲ ‌စောင့်မျှော်နေကြသည်။

ဟောက်ချန်ဟွမ်းသည် စုယန်ယန်က ဆိုးရွားစွာ ဝင်ရောက်စွက်ဖက်မှုကို ယခုအချိန်အထိ သတိမပြုမိတာကို မြင်လိုက်ရတော့ သက်ပြင်းချမိသည်။ သူက နက်ရှိုင်းသောအသံဖြင့် မေးလိုက်သည်။ “နေရာတိုင်းကို လိုက်ပြီး ပြဿနာတက်အောင် လှုံ့ဆော်ပေးနေတဲ့ ဒီအကောင့်တွေကို အသံမထွက်အောင် လုပ်လို့ရမလား ဒါမှမဟုတ် ပိတ်ပင်လို့ မရဘူးလား။”

ကျိုးယန်ပိုင်သည် ထိုစကားကို ကြားလိုက်ရသောအခါတွင် အနည်းငယ် ကြက်သေ သေသွားသည်။ “သခင်လေး မေးချင်တာက သူတို့ကို မတွေ့ချင်တာက မစ်စုရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာပဲလား ဒါမှမဟုတ် ဝဘ်ဆိုက်တစ်ခုလုံးမှာလား။ အကယ်၍ သခင်လေးက ဝဘ်ဆိုက်တစ်ခုလုံးကို ဆိုလိုချင်တာဆိုရင် ဒီကိစ္စကို ပြုလုပ်ဖို့ ဝဘ်ဆိုက်ရဲ့ သီးသန့်နည်းပညာရှင်များထံ ဒါကို လွှဲပြောင်းပေးဖို့ပဲ လိုအပ်ပါတယ်။ ဒါပေမယ့် သူတို့ကို မစ်စုရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာပဲ ပိတ်ဆို့ချင်တယ်ဆိုရင် သခင်လေးက မစ်စု၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရဲ့ ကြီးကြပ်သူဖြစ်ဖို့ လိုအပ်ပါတယ်။ ကြီးကြပ်သူတွေက အကောင့်တွေကို အသံပိတ်နိုင်ပြီး ပိတ်ဆို့နိုင်သည့်အပြင် တိုက်ရိုက်ထုတ်လွှင့်မှုများတွင် သူတို့ကို ထပ်မံပါဝင်နိုင်ခွင့်အား အပြီးတိုင် ပိတ်ပင်လိုက်နိုင်ပါတယ်။”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now