part 94

2.4K 276 4
                                    

Unicode
အခန်း (၉၄)
ငါ့ကို လာမထိနဲ့

စုယန်ယန် မီးစိမ်းပြလိုက်တော့ လင်းရှောင်ချီးသည် သူမ ကြိုက်နှစ်သက်သည့် ဟင်းလျာ အနည်းငယ်ကို မှာယူလိုက်သည်။

သူတို့မှာယူသည့် ဟင်းလျာများ လာရောက် တည်ခင်းပြီး သောအခါတွင် လင်း‌ရှောင်ချီးက ဟွားဟွားကို ပွေ့ချီထားရာမှ အောက်သို့ ချပေးလိုက်သည်။

သိပ်မလှမ်းမကမ်းတွင် ရှိနေသည့် သွမ်းသွမ်းသည် ဟွားဟွားထံမှ လင်းရှောင်ချီး၏ လက်များဟာ ဖယ်ခွာသွားတာကို မြင်လိုက်ရသည်။ သူလေး၏ မျက်လုံးတွေဟာ တောက်ပ လာပြီးတော့ ဟွားဟွား အနားသို့ ကပ်သွားရန် သူလေး၏ ခြေဖဝါးလေးတွေကို အသင့်ပြင်လိုက်သည်။
 

ကုရှောက်ယန်သည် သူလေးကို လက်လွှတ်လုနီးပါး ဖြစ်သွားသည့်မို့ စုယန်ယန်ကို အကူအညီ တောင်းရန် လှမ်းကြည့် လိုက်သည်။

စုယန်ယန်၏ နှုတ်ခမ်းထောင့်စွန်းများဟာ ကွေးညွှတ် သွားပြီးတော့ ပြောလိုက်သည်။

“ထားလိုက်ပါ။ ဒီခွေးလေး နှစ်ကောင် နောက်ဆုံး တွေ့ခဲ့ကြတုန်းက အရမ်းငယ်သေးတယ်။ သူတို့ တစ်ကောင်နဲ့တစ်ကောင် သိပ်မမှတ်မိကြဘူးလို့ ကျွန်မ ထင်တယ်။ သူတို့ အချင်းချင်း အရင်လို ပြန်ရင်းနှီး သွားအောင် လွှတ်ထားပေးလိုက်ပါ”

စုယန်ယန်က ဒီလို ပြောလိုက်ပြီးနောက် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ ဟွားဟွားက သွမ်းသွမ်းကို မှတ်မိနိုင်ပါ့မလား ဆိုတာကို သူမ မသိသော်လည်း အရူးလေး သွမ်းသွမ်းသည် သူလေးရဲ့ နှလုံးသားထဲတွင် “သတို့သမီးလောင်း”ကို အမြဲ ထည့်ထားခဲ့သည်။

ကုရှောက်ယန်က သူလေးကို အောက်ချ ပေးလိုက်တာနဲ့ သွမ်းသွမ်းက ဟွားဟွားထံသို့ အပြေးသွားရောက်ပြီး တယုတယ ပွတ်သပ်လိုက်သည်။ နောက်ဆုံး၌ ဟွားဟွားသည် သူလေးရဲ့ အမွေးပွ ဖင်တုံးလေးကို ဆောင့်ကန် လိုက်သည်။

ကံကောင်း ထောက်မစွာဖြင့် သူတို့ နှစ်ကောင်လုံးဟာ ခွေးလေးများ ဖြစ်ကြသည်။ မဟုတ်ရင် သွမ်းသွမ်းရဲ့ အပြုအမူတွေက မဖွယ်မရာ ပြုတယ်လို့ မှတ်ယူကြပေလိမ့်မည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now