part 133

1.8K 200 1
                                    

Unicode

အခန်း (၁၃၃)
မူယာမာယာ များသောစုံတွဲ

ဟောက်ချီဟန်သည် သူ့ဇနီးသည် ပြောဆို ခံနေရတာကို မြင်လိုက်ရသောအခါ စိတ်တိုပြီး ဒေါသထွက် သွားခဲ့သည်။ သူက အသည်းအသန် ရှေ့သို့ ခြေလှမ်းလှမ်းကာ ပြောလိုက်သည်။

“ရှုချင်၊ နင် ရှောက်ဖုန်းကြောင့် စိတ်ဆိုးနေသေးတာကို ငါသိပါတယ်။ ငါ သူ့ကို ပြင်းပြင်းထန်ထန် ဆူပူခဲ့ပြီးပါပြီ။ နင်နဲ့ ဟဲဝမ်တို့က နှစ်အတော်ကြာအောင် သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာလေ၊ ကလေးတွေကြောင့်နဲ့ နင်တို့ရဲ့ ဆက်ဆံရေးကို ဖြတ်တောက် လိုက်တာမျိုး မဖြစ်သင့်ပါဘူး...”

ချိန်ရှုချင်က ဟွန့်ခနဲ နှာခေါင်းရှုံ့ လိုက်မိလုနီးပါး ဖြစ်သွားခဲ့သည်။ သူ့လေသံကို ကြားရတာ သူ့သားဖြစ်သူကို ဆူပူကြိမ်းမောင်း လိုက်ရုံနဲ့ သူမ သမီးလေးကို ထိခိုက် နာကျင်စေမှုနဲ့ စုမိသားစုရဲ့ ဂုဏ်သိက္ခာကို ပျက်စီး ယိုယွင်းစေမှုကို ချေဖျက် လိုက်နိုင်တယ်လို့ ထင်နေတဲ့ပုံပဲ။ သူက သူမက ဘာမှမဖြစ်ဟန် ဆောင်ဖို့ မျှော်လင့်နေတာလား။

ထို့အပြင် သူက ကလေးတွေကြောင့် ဆက်ဆံရေး ပြတ်တောက်တယ်လို့ ရည်ညွှန်း ပြောဆိုခဲ့သည်။ ကလေးတွေကြောင့် သာမက သူတို့ မိသားစ၏ အကျည်းတန်သော မျက်နှာ အစစ်အမှန်ကို သူမတို့ သိရှိသွားလို့မှန်း သတိမမူမိကြသေးပေ။

သူမနှင့် အချိန်ကြာမြင့်စွာ မတွေ့ခဲ့ရသော တက္ကသိုလ် အတန်းဖော် သူငယ်ချင်းကို သူမ မည်မျှ စိတ်အား ထက်သန်စွာ ရင်းရင်းနှီးနှီး ဆက်ဆံခဲ့မိတာကို တွေးမိသောအခါ ချိန်ရှုချင်သည် အော်ဂလီ ဆန်လာသလို ခံစားရပြီး သူမ မျက်ကန်း ဖြစ်နေခဲ့သည့်အတွက် ဝမ်းနည်း ပူဆွေးမိသည်။

မစ္စတာစုသည် ဒီမိသားစုရဲ့ အရှက်မရှိမှုကို အလွန် စက်ဆုပ် ရွံ့ရှာမိသည်။ သူက ခွေးတွေကို သူ့ဇနီးသည် အနားသို့ ခေါ်သွားခဲ့ပြီး အေးစက်စွာ အော်ပြောခဲ့သည်။

“မင်း ဘာဖြစ်လို့ ဒီနေရာမှာ လာအော် နေရတာလဲ။ မင်းက ငါ့ဇနီးရဲ့ နာမည်ကို ခေါ်ဖို့တောင် အရည်အချင်း ပြည့်မီလို့လား”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWo Geschichten leben. Entdecke jetzt