part 29

3.9K 402 1
                                    

unicode
အခန်း(၂၉) - ရှားပါးသည့် ဆေးဖက်ဝင်အပင်များ

စုယန်ယန်သည် ဒီမက်ဆေ့ချ်ကို မြင်ပြီးနောက် မျက်စောင်းရွယ်လိုက်သည်။ သူမ တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် နှစ်လိုမှုရမှတ်များကို စုဆောင်းမယ်ဆိုလျှင် ဒီလိုနေ့မျိုး ရောက်လာမယ် ဆိုတာကို သူမ ကြိုတင်သိထားပြီးသားဖြစ်သည်။

အကယ်၍ ရှားပါးသည့် အရာဆိုလျှင် အဖိုးတန်လိမ့်မယ်။ သူမ လက်ထဲမှာရှိတဲ့ ဆေးဖက်ဝင်အပင်များသည် ရှေးယခင်ကပင် မျိုးသုဉ်း ပျောက်ကွယ်သွားပြီဖြစ်သည်။ လူများသည် ထိုအရာကို လောဘကြီးသည့် မျက်လုံးများဖြင့် ရှောင်လွဲမရအောင် ကြည့်မိကြသည်။

သူမတွင် အမြဲတမ်း ခိုင်မာတောင့်တင်းသော မိသားစုနောက်ခံရှိပြီး ယခုဆိုလျှင် ဟောက်ချန်ဟွမ်းကဲ့သို့ အထင်ကြီးစရာကောင်းသည့် သတို့သားလောင်းကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်သည်။ သူမသည် ဒီကိစ္စများကို မကြောက်ရွံ့သော်လည်း ဒုက္ခရောက်အောင်လည်း မပြုလုပ်ချင်ပါ။

စုယန်ယန်က ထုတ်ဖော်ညည်းတွားလိုက်သည်။

“စနစ် ကိုယ်ရေးကိုယ်တာ အချက်အလက်နဲ့ ပတ်သက်ပြီး တစ်ခုခု လုပ်ပေးနိုင်မလား”

[ဟုတ်ကဲ့။ စိတ်မပူပါနဲ့ Host စနစ်က သင့်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို တင်းကြပ်စွာ လျှို့ဝှက်သိမ်းဆည်း ထားလိုက်ပါပြီ။ ဒီကမ္ဘာကြီးရဲ့ လက်ရှိနည်းပညာကို အခြေခံပြီး Hostရဲ့ခွင့်ပြုသည့် လုပ်ဆောင်ချက်မရှိပဲ သင့်အကြောင်းကို သိရှိနိုင်မည်မဟုတ်ပါ။]

စုယန်ယန် သူမ၏ စိုးရိမ်ပူပန်မှုတွေကို ဘေးဖယ်ထားလိုက်သည်။ သို့သော်လည်း သူမပစ္စည်းတွေကို လွယ်လွယ် မပေးလိုက်နိုင်ပါ။

“ကျွန်မ ရှင့်ကို ရှန်းကျားကို ပေးလို့ရတယ်၊ ဒါပေမယ့် ရှင် ကျွန်မကို ရှင့်အဘွားရဲ့ ကျန်းမာရေး စစ်ဆေးချက်ကို ပို့ပေးရမယ်။ ရှန်းကျားကို ဟင်းလျာအဖြစ် ချက်ပြုတ် ပြင်ဆင်နိုင်သော်လည်း သူက ဆေးအမျိုးအစားထဲမှာ ပါဝင်နေဆဲဖြစ်တယ်။၊ ကြုံရာကျပန်း စားသုံးလို့ မရနိုင်ဘူး။ လူတစ်ဦးနဲ့ တစ်ဦး ကွဲပြားခြားနားမှုတွေ ရှိသောကြောင့် လူတိုင်းစားသုံးဖို့ မသင့်တော်ဘူး။ ရှင့်ကို ရှန်းကျားမပေးခင် ကျွန်မ ရှင့်အဘွားရဲ့ကျန်းမာရေး အခြေအနေကို သိရှိဖို့ လိုအပ်ပါတယ်။ ဒါမှ သူ့အတွက် သင့်တော်တဲ့ ပမာဏကို ဆုံးဖြတ်ပေးနိုင်လိမ့်မယ်။ ရှင့်ကို ဒီအတိုင်းပေးလိုက်လို့ သူမ စားပြီးတဲ့အခါ တစ်ခုခု မှားသွားခဲ့ရင် ကျွန်မ ရှင့်မိသားစုကို ရှင်းပြနိုင်မှာ မဟုတ်ဘူး”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now