part 31

3.9K 406 1
                                    

unicode
အခန်း(၃၁) – ဓမ္မတာလာချိန် နာကျင်ကိုက်ခဲခြင်းကို သက်သာစေသော စွပ်ပြုတ်

အကြွေစေ့တစ်ရာသာ ကုန်ကျတဲ့ စိန်အနည်းငယ်ခန့်ကို လက်ဆောင်ပေးသည်မှာ သာမာန်သာ ဖြစ်သော်လည်း ဤသည်မှာ စိန်တုံး ၅၂၀ ဖြစ်လေသည်။ အဆုံး၌ ၅၂၀ဟူသော ကိန်းဂဏန်းက မည်သည်ကို ကိုယ်စားပြုသည်ကို လူတိုင်းသိကြသည်။

သို့သော်လည်း စိန်တုံး ၅၂၀သည် သေးငယ်သော လက်ဆောင် ပမာဏမဟုတ်ပါ။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ကြည့်ရှုသူများအနေဖြင့် ဤသည်မှာ အစသာဖြစ်ကြောင်း သိပ်မကြာခင်အချိန်မှာ သိရှိသွားခဲ့သည်။

တောင်တန်းပေါ်က ပိုးစာပင် အမည်ရှိ ကြည့်ရှုသူသည် စိန်တုံး ၅၂၀ ပါဝင်တဲ့ လက်ဆောင်ထုပ်ကို ဆယ်ကြိမ်ပေးပို့ခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းပေါ်တွင် အခြားသော နာမည်ရ တင်ဆင်သူများသည်ပင် တစ်ညလျှင် ယွမ် တစ်သိန်းခန့်သာ ရရှိကြောင်းကို သင် သိထားသင့်သည်။

ထိုလက်ခံရရှိသော ပမာဏသည် ဤပလက်ဖောင်း၏ ဝင်ငွေအများဆုံး တိုက်ရိုက်ထုတ်လွှင့်မှုများအတွက် ထိပ်ဆုံးအဆင့်ငါးနေရာတွင် မပါဝင်နိုင်သော်လည်း ထိပ်ဆုံးအဆင့်ဆယ်စာရင်းတွင် သေချာပေါက် ပါဝင်နိုင်လိမ့်မည်။

အစီအစဉ် တင်ဆက်သူအသစ်သည် တိုက်ရိုက်ထုတ်လွှင့်မှု စတင်ခဲ့သည်မှာ နှစ်ရက်သာ ကြာမြင့်သေးသည့်အပြင် ကြည့်ရှုသူထောင်ပေါင်းများစွာပင် မပြည့်သေးကာ စာချုပ်တွင်ပင် လက်မှတ်ရေးထိုးရခြင်း မရှိသေးပေ။ တစ်စုံတစ်ယောက်က ဤကဲ့သို့ ဆုလက်ဆောင် ပမာဏများစွာကို သူမအား လိုလိုလားလား ဆုချစေခဲ့ခြင်းအတွက် သူမရဲ့ ထူးခြားချက်မှာ အဘယ်နည်း။

တိုက်ရိုက်ထုတ်လွှင့်မှုချန်နယ်ရှိ လက်‌ဆောင်သတိပေးချက်များကြောင့် သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ဝင်ရောက်ကြည့်ရှုကြသော ကြည့်ရှုသူအသစ်များမှာ အနည်းငယ် ကြက်သေ သေသွားခဲ့ပြီးနောက် ခါးသီးသော အမုန်းစကားများဖြင့် မေးခွန်းထုတ်လာကြသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now