part 36

3.9K 384 1
                                    

unicode
အခန်း(၃၆) - မြုံခြင်း

ချိန်ရှုချင်သည် ထိုသို့ပြောပြီးနောက် တစ်ခုခု မှားနေပြီဆိုတာကို သဘောပေါက်မိသည်။ သူမသည် ချောင်းအသာဟန့်ကာ တင်းကြပ်သော လေသံဖြင့်ဆိုသည်။ “ဒီလိုဆိုရင်တောင် သူ့ဆီကို မကြာခဏ သွားလည်တာမျိုး မဖြစ်သင့်ဘူး။ တစ်ယောက်ယောက်က တွေ့သွားခဲ့ရင် သမီး ဘယ်လိုလုပ်မလဲ။”

“အဲ့တာ ဘာဖြစ်လို့လဲ။ သမီးတို့က စေ့စပ်ထားတာဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိဖို့ တွေ့သင့်တယ်လေ။ ဟောက်ရှောက်ဖုန်းနဲ့ သူ့ကောင်မလေးတို့လို သူ့မှာ စေ့စပ်ထားသူ ရှိပေမယ့် တခြားကောင်မလေးတွေနဲ့ ချိန်းတွေ့တာမျိုး မဟုတ်ဘူးလေ။ ချန်ဟွမ်းနဲ့ သမီး တကယ် လက်ထပ်လိုက်ရင် ဘယ်သူမှ ဘာစကားတစ်ခွန်းမှ ပြောလို့ မရတော့ဘူးလေ မဟုတ်ဘူးလား”

ဒါကို ကြားရတာ ကျိုးကြောင်းဆီလျော်မှုရှိတယ်လို့ ချိန်ရှုချင် ထင်သည်။ သူမသမီးက ဟောက်ချန်ဟွမ်းနဲ့ စေ့စပ်ထားတာဆိုတော့ တခြားသူတွေ မကျေမနပ်ရင်တောင် သူတို့ ဘာမှ ပြောလို့မရနိုင်ဘူး။

တစ်ဖက်မှာ စေ့စပ်ထားသူ ရှိတာကို သိပြီးတာကိုတောင် တစ်ယောက်နဲ့ တစ်ယောက် သီးသန့်လက်ခံပေးနေတဲ့ ဟောက်ရှောက်ဖုန်းနဲ သူ့ရည်းစားလို မဟုတ်ဘူး။

ချိန်ရှုချင်ရဲ့လေသံက ပျော့ပြောင်းသွားပြီး “သမီးပြောတာ မှန်တယ်။ ဒါပေမယ့် မိန်းကလေး တစ်ယောက်အနေနဲ့ အထူးသဖြင့် မင်းအဖိုးနဲ့ ဆွေမျိုးတွေက နောက်တစ်ပတ် လာရောက်လည်ပတ်ကြတဲ့အခါမှာ အထူးဂရုစိုက်သင့်တယ်။ မင်း သူ့ဆီကို နေ့တိုင်းသွားလည်နေရင် မင်းကို ဆူပူပြောဆိုခံရမှာကို မစိုးရိမ်ဘူးလား။”

စုယန်ယန်ရဲ့ မျက်လုံးလေးတွေက တလက်လက် တောက်ပသွားသည်။ “အဖိုးနဲ့ တခြားသူတွေ လာတော့မှာလား။ ဘယ်တော့လဲ။”

“နောက်တစ်ပတ် တနင်္လာနေ့လောက်ဖြစ်နိုင်တယ်။ မင်းအဖိုးက မင်းဖြစ်ပျက်ခဲ့တာတွေကို ကြားတယ်။ သူက အရမ်းစိတ်ဆိုးနေပြီး သမီးနဲ့ လူချင်းတွေ့ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ သမီးရဲ့ ဦးလေးက သူ့ကို တားဖို့ အချိန်အနည်းငယ်ကြာအောင် ကြိုးစားခဲ့ပြီး နောက်ဆုံး သူ့ကို မလာခင် တစ်ပတ်လောက် စောင့်ဖို့ စည်းရုံးခဲ့တယ်။ ချန်ဟွမ်းနဲ့သမီးရဲ့ မင်္ဂလာပွဲက နောက်လထဲမှာဆိုတော့ မင်းအဖိုးက မင်းနဲ့ အတူ အချိန်ဖြုန်းချင်လိမ့်မယ်။”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now