part 47

3.4K 349 3
                                    

unicode

အခန်း(၄၇) - သူဌေးကြီးက အွန်လိုင်းပေါ်တွင် ပိုက်ဆံများ ကျဲချနေသည်

တင်းမာခက်ထန်သော အမူအရာဟာ စုယန်ယန်၏ မျက်နှာပေါ်အနှံ့ ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ တစ်စုံတစ်ယောက်သည် အခြေအနေကို အခွင့်ကောင်းယူကာ ချိန်းတွေ့ခြင်း ဝန်ဆောင်မှုများကို စတင်ကြော်ငြာခဲ့သည်ကို တွေ့လိုက်ရသောအခါတွင် သူမ ရှင်းပြရန် ပါးစပ်ဖွင့်လိုက်သည်။

[တင်ဆက်သူရေ မင်း ချစ်သူကောင်လေး လိုအပ်လား။ ငါက နာမည်ကြီး တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရထားပြီး ကားတစ်စီး၊ ကုမ္ပဏီတစ်ခုနဲ့ ** သန်း စုဆောင်းငွေ ရှိတယ်။ မင်း ငါ့ကို စဉ်းစားပေးနိုင်မလား။]

[စုဆောင်းငွေ **သန်း လောက်လေးနဲ့ တင်ဆက်သူကို ဆွဲဆောင်ဖို့ ကြိုးစားနေတာလား၊ မင်းကို ဘယ်သူကများ ဒီလိုသတ္တိမျိုး ပေးလိုက်တာလဲ။ တင်ဆက်သူ ကျွန်တော့်ကို ကြည့်ပါ။ ကျွန်တော်က တစ်နှစ်လျှင် ပျမ်းမျှဝင်ငွေ သန်းနှင့်ချီရှိပြီး ကျွန်တော့်နာမည်အောက် ပိုင်ဆိုင်မှု ဆိုင်ခွဲ ခုနစ်ခု ရှစ်ခုလောက် ဖွင့်ထားပြီးပြီ။ ကျွန်တော့်မှ အိမ်ရော ကားရော ရှိပါတယ်။ မင်းက အိမ်ကို စီမံခန့်ခွဲ စောင့်ရှောက်ပေးရုံပါပဲ။]

[ဒါက ဘာလဲ။ ငါ...]

အစားအစာ ချက်ပြုတ်ပြသသော တိုက်ရိုက်ထုတ်လွှင့်မှုသည် အတင်းအဓမ္မ အပေါစား ချိန်းတွေ့ခြင်း အစီအစဉ်တစ်ခုအသွင် ပြောင်းသွားခဲ့သည်။ လူတိုင်းသည် တင်ဆက်သူ၏ အမြင်အာရုံထဲ ဝင်ရောက်နိုင်ရန် မိမိကိုယ်မိမိ ချီးမွမ်းဂုဏ်တင်ကြကာ အခြားသူများကို ပြစ်တင်ရှုံ့ချကြသည်။

စုယန်ယန်က ပြောလိုက်သည်။ “??? တိုက်ရိုက်ထုတ်လွှင့်မှုကို အာရုံစိုက်ပေးကြပါ။ မင်းတို့အားလုံး ဘာတွေ တွေးနေကြတာလဲ။”

ရုတ်တရတ် ဒီအခြေအနေကို လိုက်လျောညီထွေ မတုံ့ပြန်နိုင်မီ သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို အနီရောင်ခပ်လင်းလင်း အထူးပြုလုပ်ချက်ဖြင့် သိမ်းပိုက်ခံလိုက်ရတာကို တွေ့လိုက်ရသည်။

[ဂုဏ်ယူပါတယ် တင်ဆက်သူ (ယန်ယန်) သင် (တောင်တန်းပေါ်က ပိုးစာပင်) အမည်ရှိ သစ္စာရှိ ပရိတ်သတ်ထံမှ နှင်းဆီ ၉၉၉၉ပွင့် လက်ခံရရှိပါသည်။ ဒီပန်းစည်းက ခွဲခွာခြင်းမရှိသည့် ရှည်လျားသောတစ်သက်တာကို ရည်ညွှန်းပါသည်။]

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now