part 137

1.7K 187 1
                                    

Unicode
အခန်း (၁၃၇) –
သွမ်းသွမ်း ခွေးတိုးပေါက်မှာ ညပ်နေတယ်

စုယန်ယန်သည် အခန်းတံခါးကို မဖွင့်ခင် အေးခဲသွားသည်။ သူမ၏ မျက်လုံးများက မသိစိတ်အရ ပြူးကျယ်သွားကာ နောက်ဆုံး၌ သူမ မေ့လျော့နေသည့် အရာအား အမှတ်ရ သွားခဲ့သည်။

စုယန်ယန်သည် ဟောက်ချန်ဟွမ်းနှင့် ဗီဒီယိုဖုန်းခေါ်ဆိုမှု ပြုလုပ်နေသည့် အချိန်၌ အောက်ထပ်တွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။

ဟောက်ချန်ဟွမ်းနှင့် ဟောက်ချီဟန်တို့ဟာ တစ်မိသားစုတည်း ဖြစ်သော်လည်း သူတို့အကြားမှ ဆက်ဆံရေးက သိပ်အဆင်ပြေဘူးဟု ယူဆကာ ဒီပွဲကို အပျော်ကြည့်ရန် ဟောက်ချန်ဟွမ်းကိုပါ ခေါ်ဆောင်သွားရန် စိတ်ကူး ထားခဲ့သော်လည်း အဘိုးချိန်က သူမကို ဆွဲခေါ်သွားခဲ့သည်။

အဘိုးချိန်က သူမနှင့် ဟောက်ချန်ဟွမ်းတို့ ဗီဒီယိုဖုန်းခေါ်ဆိုမှု ပြုလုပ်နေတာကို ရှာဖွေတွေ့ရှိ သွားမှာကို ကာကွယ်ရန်၊ ‘မသိနားမလည်သော မိန်းကလေးကို ချိုမြိန်သော စကားလုံးများဖြင့် လိမ်လည် လှည့်ဖြားတယ်’ ဟူသော နောက်ထပ် စွပ်စွဲချက်တစ်ခုကို မတော်တဆ ယူဆောင်လာမိမှာကို စိုးရိမ်သည့် အတွက် ဝှက်လိုက်သည်။

စုယန်ယန်သည် ဖုန်းကို သူမအင်္ကျီ အပေါ်အိတ်ကပ်ထဲသို့ ထည့်ပြီး အပြင်မှ အဖြစ်အပျက်များကို ကင်မရာလေး မှတစ်ဆင့် ဟောက်ချန်ဟွမ်း ကြည့်ရှုနိုင်ရန် လုပ်ပေးခဲ့သည်။

နောက်ပိုင်းတွင် ရုတ်တရက် ဟောက်ချီဟန်သည် စုယန်ယန်က ဟောက်ရှောက်ဖုန်းကို ရိုက်နှက်ခဲ့ကြောင်း ထုတ်ဖော်လိုက်သည့် အခါတွင် စုယန်ယန်သည် ခေါင်းပူသွားခဲ့ကာ ထိုမဖိတ်ခေါ်ခဲ့သော ဧည့်သည် နှစ်ယောက်ကို မည်ကဲ့သို့ ရှင်းထုတ် ပစ်ရမလဲဟု တွေးတောနေခဲ့သောကြောင့် ဟောက်ချန်ဟွမ်းနှင့် သူမတို့ ဗီဒီယိုဖုန်း ခေါ်ဆိုမှု ချိတ်ဆက် နေသေးကြောင်းကို မေ့လျော့ သွားခဲ့သည်။

ကျန်တာ မေ့ထားလိုက်ဦး၊ ဒါပေမယ့် သူမအဘိုးကို သူမပြောခဲ့တဲ့ စကားတွေက... ဟောက်ချန်ဟွမ်း...

“ကျွန်မ… ကျွန်မ…”

ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ ရှက်သွေး ဖြာနေသော မျက်နှာလေးကို ကြည့်ရင်း သူ့နှုတ်ခမ်း ထောင့်စွန်းလေးများ အသာကွေးညွှတ် သွားကာ ပြုံးသွားခဲ့သည်။ သူက အဓိပ္ပါယ် အပြည့်ဖြင့် မေးလိုက်သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now