part 15

5.2K 522 4
                                    

unicode
အခန်း(၁၅) - ဆေးဖက်ဝင်အပင်မျိုးစေ့များ

ဟောက်ချန်ဟွမ်းသည် နေ့လယ်ခင်း အချိန်တွင် ဗီဒီယိုကွန်ဖရင့်တစ်ခု တက်ရောက်ရန် ရှိသောကြောင့် စုယန်ယန်သည် ဟောက်အိမ်တော်တွင် အချိန်အကြာကြီး မနေတော့ပဲ နေ့လယ်စာ စားပြီးနောက် ထွက်လာခဲ့သည်။

သူမ မထွက်လာခင်တွင် သူမသည် ဟောက်အိမ်တော်တွင် သွမ်းသွမ်းဟုခေါ်သည့် ကော်ဂီခွေးငယ်လေးကို သူတို့နှစ်ဦးကြား ခွေး-ဖေဖေ ဆက်ဆံရေး တိုးတက်ကောင်းမွန် စေလိုသောကြောင့်ဟု ပြောကာ ထားရစ်ခဲ့လေသည်။

ဟောက်ချန်ဟွမ်း “…” ‘ဒါက မရှိမဖြစ် လုံးဝမလိုအပ်ဘူးလေ!!!’

သူမ အိမ်ပြန်ဖို့ ကားပေါ်တက်ချိန်တွင် ရင်းနှီးသည့် အသိပေးချက် တစ်ချက်က ထွက်ပေါ်လာခဲ့သည်။

[ဂုဏ်ယူပါတယ် Host သင် နှစ်လိုမှုရမှတ် +520 ရရှိခဲ့သည်။ သင့်ရဲ့ နှစ်လိုမှုရမှတ်သည် အမှတ် 100ကျော်သွားတာကို တွေ့ရှိရပါသည်။ သင် ဒုတိယအဆင့်သို့ တက်ရောက်သွားပါပြီ။ အဆင့်တက်ခြင်းအတွက် လက်ဆောင်ထုပ်နှင့် စတင်အသုံးပြုသူအတွက် လက်ဆောင်ထုပ်ကို သင့်အီးမေးလ်တွင် ပေးပို့ထားပါသည်။ ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါ။] (TN: 520သည် ဟန်ယွီ ဖျင်းယင်းတွင် နင့်ကို ငါချစ်တယ်လို့ ဆိုလိုသည်။)

စုယန်ယန်သည် ရုတ်တရက် သဘောကျနှစ်သက်ခြင်း မြင့်တက်လာခြင်းကြောင့် အံ့အားသင့်သွားကာ ဟောက်ချန်ဟွမ်းသည် သူမ ယခင်က စိတ်ရင်းမှန်သည့် ထိုစကားလုံးတွေနှင့် ပတ်သက်ပြီး ဤမျှ အချိန်အတော်ကြာအောင် စဉ်းစားနေခဲ့သည်။

အမှန်အားဖြင့် သူ အလွန်ပျော်နေသော်လည်း သူ့မျက်နှာပေါ်တွင် မည်သည့်လက္ခဏာကိုမျှ မဖော်ပြခဲ့ပေ။ ဤအမျိုးသားသည် အပြင်ပိုင်းကြည့်လျှင် အေးစက်နေသည်ဟု ထင်ရသော်လည်း သူ့ စိတ်အတွင်းတွင် အမြဲတမ်းနွေးထွေးနေသည့် လူတစ်ယောက်ဟု ဆိုလိုသည့် သဘောပင် ဖြစ်သည်။

ခဏတာ ကြည်နူးနေပြီးနောက် စုယန်ယန်သည် နောက်ဆုံးတွင် သူမ ရရှိခဲ့သော လက်‌ဆောင်ထုပ် အသစ်နှစ်ခုကို အမှတ်ရသွားခဲ့သည် သို့သော်ငြားလည်း...

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now