Part 4

6.4K 630 7
                                    

အခန်း(၄) - ငါက ဖျက်လိုဖျက်ဆီးလုပ်တတ်တဲ့ အမျိုးသမီးဇာတ်ပို့တဲ့လား

ဇာတ်လမ်းထဲတွင် သူဆင်းရဲမိန်းကလေးက လိမ်လည်လှည့်စားတဲ့ ကုဒ်တစ်မျိုး ရှိသကဲ့သို့ အတားအဆီးများစွာကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့သည်။ သူမက ဇာတ်ကြောင်း၏ ကာကွယ်ပေးမှု အောက်တွင် အမှားအယွင်းကင်းမဲ့သော အရန်အစီအစဉ်များကို ဆက်တိုက် ကျော်ဖြတ်နိုင်ခဲ့ပြီး သူမသည် ဖျော်ဖြေရေး နယ်ပယ်တွင် အောင်မြင်စွာ အသက်မွေးဝမ်းကြောင်း ပြုနိုင်ခဲ့သည်။ နောက်ဆုံး အိမ်ထောင်မပြုမီ အချိန်မှာပင် အမျိုးသားဇာတ်လိုက်၏ မိဘများထံမှ နှစ်သက် သဘောကျခြင်းကိုပင် လက်ခံရရှိခဲ့သည်။

သို့သော်လည်း အဲ့တာက အရေးမကြီးသေးပါ။

အဓိကအချက်မှာ ပြဿနာရှာပြီး ဇာတ်လမ်းအဆုံးတွင် ကြေကွဲဝမ်းနည်းဖွယ် ကောင်းစွာ သေဆုံးသွားသည်။ အမျိုးသမီးဇာတ်ပို့၏ အမည်မှာ သူမနှင့် နာမည် အတိအကျ တူညီနေသည်။

စုယန်ယန်၏ မျက်နှာသည် ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်သွားသည်။

ဒါဆို အခု ငါနေထိုင်နေတဲ့ ကမ္ဘာကြီးက ဝတ္ထုတစ်ပုဒ်ပေါ့။ ငါ့မိသားစုနဲ့ ငါကရော စာအုပ်ထဲက ဇာတ်ကောင်တွေလို့ နင်ပြောနေတာလား။ ပြီးတော့ ငါက လူတိုင်းမုန်းတီးပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အမျိုးသမီးဇာတ်ပို့လို့ ပြောတာလား

[ဟုတ်ပါတယ်။]

ပြီးတော့ ဒီစာအုပ်ရဲ့ အဓိကဇာတ်ကောင်တွေက ငါ့ရဲ့အမှိုက်လို သတို့သားလောင်းနဲ့ သူ့အမြှောင်မယားတဲ့လား

[ဟုတ်ပါတယ်။ သူတို့က ဒီကမ္ဘာရဲ့ အဓိကဇာတ်ကောင်တွေပါ။]

စုယန်ယန်သည် လှောင်ရယ်ရင်း သူမမျက်ဝန်းတွေက အေးစက်သွားသည်။

ဟေး... သူတို့သာ ဒီကမ္ဘာရဲ့ အဓိကဇာတ်ကောင်တွေ ဆိုရင် ငါ့အရင်ဘဝတုန်းက ဟောက်ချန်ဟွမ်းက သူတို့ကို ဘာလို့များ လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်ရတာလဲ

သူမ အရင်ဘဝတုန်းက စုယန်ယန်သည် သူမသေဆုံးပြီးနောက် ချက်ချင်း လူပြန်မဝင်စားခဲ့ပေ။ ထို့အစား သူမသည် သူမနှင့် သူမမိသားစုကို အန္တရာယ်ပြုခဲ့သော လူတိုင်းကို သေဆုံးသွားစေသည်အထိ တွန်းပို့ပေးခဲ့သော အခြေအနေများကို ဟောက်ချန်ဟွမ်းဘေးတွင် နေထိုင်ရင်း မြင်တွေ့ခဲ့ရသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now