part16

4.9K 497 2
                                    

unicode

အခန်း(၁၆) - ဆင်းရဲမွဲတေခြင်း၏ ဒုက္ခ

“ဆေးဖက်ဝင်အပင်တွေလား။ ဒီကတ်သုံးခုထဲက အပင်တွေက ဆေးဖက်ဝင်အပင်တွေလား”

[ဟုတ်ပါတယ်။ လေ့လာစမ်းစစ်ချက်အရ ဒီဆေးဖက်ဝင်အပင်တွေက သင့်ကမ္ဘာတွင် ကာလအတန်ကြာမြင့် ကတည်းက မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်ကြောင်း သိရှိရပါသည်။ ဒီဆေးဖက်ဝင်အပင်တွေကို စတင်အသုံးပြုသူ လက်ဆောင်ထုပ်ကြီးအဖြစ် သင့်အား အခမဲ့ ပေးအပ်လိုက်ပါသည်။ ကျန်ပါဝင်ပစ္စည်းတွေကိုတော့ စနစ်၏ ဈေးဆိုင်တွင် ရမှတ်များနှင့် ဝယ်ယူနိုင်ပါသည်။]

စနစ်က ထိုသို့ပြောပြီးတာနဲ့ ချက်ချင်းပင် စုယန်ယန်၏ ရှေ့မှောက်တွင် ယခင် ဆေးဖက်ဝင် အပင်များနှင့် ဆင်တူသော ကတ်အတန်းများ ပါဝင်သည့် ဈေးဆိုင် စာမျက်နှာတစ်ခု ပေါ်လာသည်။

ကတ်များ၏ အောက်ခြေတွင် လဲလှယ်ရမည့် ဈေးနှုန်းပါဝင်ပြီး ဈေးနှုန်းများမှာ နှစ်လိုမှုရမှတ် တစ်ထောင်မှ သန်းဆယ်ဂဏန်းအထိ ရှိသည်။ စုယန်ယန်သည် ထိုအခြင်းအရာများကို မြင်လိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်သွားပြီး ထိုစာမျက်နှာကို ပိတ်လိုက်ကာ သူမ ရရှိထားသည့် တရုတ်ဆေးဖက်ဝင် ပါဝင်ပစ္စည်း အပင်သုံးမျိုးကိုသာ အာရုံစိုက်ထားလိုက်သည်။

“ငါ ဒါကို ဘယ်လိုစိုက်ပျိုးရမှာလဲ။ အစေ့တွေကို မြေကြီးထဲ တိုက်ရိုက်ကြဲပြီး စိုက်ပျိုးရမှာလား”

[သင် ဒီမျိုးစေ့တွေကို အစစ်အမှန်ကမ္ဘာသို့ ယူ‌ဆောင်၍ စိုက်ပျိုးနိုင်သလို စနစ်က ပေးအပ်ထားသော ကြာကန်စိုက်ပျိုးမြေတွင် သူတို့ကို တိုက်ရိုက်စိုက်ပျိုးနိုင်ပါသည်။]

ချက်ချင်းပင် စုယန်ယန်၏ မျက်စိရှေ့တွင် မြေကွက်ဆယ့်ငါးကွက်နှင့် ရေကန်ငယ်လေး တစ်ခုပါရှိသည့် ခြံကွက်တစ်ခုက အစားထိုး ဝင်ရောက်လာသည်။

[ခြံဝန်းအတွင်း မြေသြဇာကောင်းမွန်သော မြေကွက်နှင့် ကြာကန်အတွင်းရှိ နုန်းမြေများက ဆေးဖက်ဝင်အပင်များ၏ အာနိသင်ကို ပိုမိုကောင်းမွန်စေပြီး ရင့်မှည့်ချိန်ကို လျော့ချပေးသည့် လုပ်‌ဆောင်ချက်များ ပါဝင်ပါသည်။ ထို့အပြင် နှစ်လိုမှုရမှတ်များကို အသုံးပြု၍ မြေကွက်၏ မြေဆီလွှာအရည်အသွေးကို မြှင့်တင်နိုင်ပြီး ဆေးဖက်ဝင် အပင်များ၏ အာနိသင်ကို မြှင့်တင်ပေးနိုင်ပါသည်။]

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now