part 62

3K 321 3
                                    

unicode

အခန်း(၆၂) - သွမ်းသွမ်း စိတ်ဆိုးသွားသည်

စုယန်ယန်သည် သူမမိသားစုပိုင် ဖျော်ဖြေရေးကုမ္ပဏီတစ်ဝိုက် လှည့်ပတ်ကြည့်ရှုခဲ့သည်။ ကုမ္ပဏီ၏ လက်ရှိလည်ပတ်နေသော လုပ်ငန်းဆောင်တာများကို အကြမ်းဖျင်း နားလည်သဘောပေါက်သွားပြီးနောက် သူမသည် ကုမ္ပဏီမှပြန်ရန် အဆင်သင့်ဖြစ်နေသည်။

ရှားကျွင်းရှန့်သည် သူမကို ကုမ္ပဏီဆင်ဝင်အောက်အထိ လိုက်ပို့ပေးသည့်အချိန်တွင် ဖုန်းတစ်ကော လက်ခံရရှိခဲ့သည်။

“ဘာလဲ။ တစ်ယောက်ယောက်ကို ပြောင်းလဲဖို့ တောင်းဆိုချက်တစ်ခု ရှိတာလား။ ဘယ်သူ့ကိုလဲ။”

“ဝမ်ကျင့်ဖျင်လား။ သူမက ငါတို့ကုမ္ပဏီရဲ့ အနုပညာရှင်လား။ အကယ်၍ မဟုတ်ဘူးဆိုရင် သူမကို ထုတ်ပယ်လိုက်ပေါ့။ ဘာပဲဖြစ်ဖြစ် ဒါက အစပဲရှိသေးတယ်။ လူအနည်းစုအတွက် ဒါက ကြီးမားတဲ့ ပြဿနာ မဖြစ်သင့်ဘူး။”

“ခဏနေဦး...” စုယန်ယန်က ဖုန်း၏ အခြားတစ်ဖက်မှ လူနှင့် ရှားကျွင်းရှန့်တို့၏ စကားပြောဆိုမှုကို မနေနိုင်ပဲ ကြားဖြတ်လိုက်သည်။

ရှားကျွင်းရှန့်သည် ခဏလောက် အေးခဲသွားပြီး သူမကို စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်သည်။ “ဘာဖြစ်လို့လဲ။”

“တစ်ယောက်ယောက်က ဝမ်ကျင့်ဖျင်ကို ထုတ်ပယ်ချင်နေတာလား။ ဘယ်သူကလဲ။”

“အမ်...” ရှားကျွင်းရှန်းသည် ခဏလောက် တုံ့ဆိုင်းသွားပြီးကာ တစ်ဖက်လူအား စုယန်ယန်၏ မေးခွန်းကို ထပ်ခါတလဲလဲ ပြောလိုက်သည်။

အစပိုင်းမှာတော့ ထိုလူက ထုတ်ဖော်ဖို့ ဆန္ဒမရှိပေမယ့် နောက်ပိုင်းမှာတော့ သူက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောခဲ့သည်။ “အဲ့တာက ဒုဥက္ကဌပါ။ သူက ဟောက်မိသားစုရဲ့ ညွှန်ကြားချက်လို့ ပြောပါတယ်။”

“ဟောက်မိသားစုလား” စုယန်ယန်က အံ့အားသင့်သွားသည်။

ဟောက်‌ရှောက်ဖုန်းနဲ့ ဝမ်ကျင့်ဖျင်တို့သည် သူတို့ရဲ့ ချစ်စကြင်စ အချိန်ကို ရောက်ရှိနေကြပြီး သူက ဖေးဖကူညီတတ်သော လက်တွဲဖောက်တစ်ယောက်အဖြစ် သရုပ်ဆောင်ရန် ပို၍စိတ်အားထက်သန်မှု မရှိတော့ပါ။ သူက သေချာပေါက် သူမကို ရသစုံ အစီအစဥ်မှ နုတ်ထွက်ခွင့်ပြုမှာ မဟုတ်ဘူး။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now