part 96

2.4K 261 3
                                    

Unicode

အခန်း (၉၆)
ဒါက ထိပ်ပြောင်သွားတာပဲ

ကုရှောက်ယန်က ဟွားဟွားကို စာနာသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ဟွားဟွားသည် ကိုယ်ထိလက်ရောက် စော်ကားခံရသော မိန်းမကောင်း တစ်ယောက်နှင့် တူပြီး သွမ်းသွမ်းသည့် ဖောက်ပြန် လွဲမှားသူ ဖြစ်သည်။

သွမ်း-ဆန့်ကျင်ဖက်လိင် ဝတ်စုံ ဝတ်ဆင်သူ-ကြေးစား-သွမ်း

“ဝုဖ်... ဝုဖ်...”

သွမ်းသွမ်းသည် လင်းရှောင်ချီးကို ဝမ်းနည်းစွာဖြင့် ထိတွေ့ကာ သူ့လက်ဖဝါးလေးများကို ဟွားဟွားအား ထိတွေ့ရန် ဆန့်ထုတ်လိုက်သည်။

ရလဒ်အနေဖြင့် သူလေးဟာ ဟွားဟွားထံမှ နောက်တစ်ကြိမ် အရိုက်ခံလိုက်ရပြန်ကာ အညိုရောင် ခွေးမွေေးလေးများက နှင်းပွင့်များလို ကောင်းကင်မှာ လွင့်ပြန့်သွားခဲ့သည်။

ပို၍ လေးနက် သွားသည်မှာ ဒီတစ်ကြိမ်တွင် ဟွားဟွား၏ လက်ဖဝါးအောက်တွင် သွမ်းသွမ်း၏ ခေါင်းပေါ်မှာ စည်းထားသော ဆံပင်စည်းလေးဟာ ကျွတ်ထွက်သွားပြီး ဆံပင်အနည်းငယ် ကျွတ်ကျသွားခြင်းပင် ဖြစ်သည်။ အမွေးများ အောက်မှ နူးညံ့သော အသားအရေလေးကိုပင် ရှင်းလင်းစွာ မြင်နိုင်သည်။ ဒါက - ခေါင်းပြောင်သွားတာပဲ။

“ဖူး... ဟားဟား ဟားဟား...”

စုယန်ယန်သည် ဒီမြင်ကွင်းကို တွေ့လိုက်ရသော အခါတွင် ဟက်ဟက်ပက်ပက် ရယ်‌မောလိုက်မိသည်။

ဟောက်ချန်ဟွမ်းသည် အပြုံးတစ်ပွင့်ဖြင့် သူမ ထိုင်ခုံပေါ်မှ ပြုတ်ကျမှာကို တားဆီးရန်အတွက် သူမပခုံးလေးကို ဖက်ထားလိုက်သည်။

ထိုအခိုက်အတန့်မှာပင် သူ့မျက်လုံးတွေဟာ စုယန်ယန်နှင့်တူသည့် သူ့ကလေးလေး၏ နစ်နာသွားသလို ဟန်ပန်ကြောင့် ရွှင်မြူးစွာ တောက်ပသွားခဲ့သည်။

သွမ်းသွမ်းသည် သခင်ဖြစ်သူ၏ ဟက်ဟက်ပက်ပက် ရယ်မောသံကို နားထောင်ပြီး သူလေး၏ ခွေးမျက်လုံးများဟာ ဝိုင်းစက်သွားကာ အံ့သြသွားသည်။

အဆုံး၌ သူလေး၏ ခေါင်းပေါ်တွင် အနည်းငယ် အေးစက်သွားသလို ခံစားလိုက်ရပြီး သီးသန့်ခန်းရှိ မှန်တံခါးကို လှည့်ကြည့် လိုက်မိသည်။ ရင်းနှီးပေမယ့် မရင်းနှီးသလို ဖြစ်နေသည့် ထိပ်ပြောင် ခွေးတစ်ကောင်ကို မြင်တွေ့လိုက်ရသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now