part 83

2.5K 295 5
                                    

Unicode

အခန်း (၈၃) – အခွံမာသစ်သီးများအတွင်းမှ ခံစားရသော နာကျင်မှု

ရှင်းမပြနိုင်လောက်‌‌အောင် ရွံရှာဖွယ် ကောင်းသော အပြောအဆိုများကို ကြားလိုက်ရပြီးနောက် ဒီခွေးကောင်က သူ့ကို သူမ ဘာ့ကြောင့်များ ချစ်နေသေးတယ်လို့ ထင်နေရတာလဲ ဆိုတာကို စုယန်ယန် နားမလည်နိုင်ပဲ သူ့စကားများကို နားထောင်ပြီး ရွံရှာမိသောကြောင့် သူမတစ်ကိုယ်လုံး ကြက်သီးများပင် ထကုန်သည်။

သူမ ဒေါသ အရမ်းထွက်နေမိပြီး သူမကိုယ်သူမ မထိန်းနိုင်ပဲ တိုးတိုးလေး ရယ်မောလိုက်မိသည်။ စုယန်ယန်သည် သူမကိုယ်သူမ အတတ်နိုင်ဆုံး စိတ်ထိန်းကာ ဟောက်ရှောက်ဖုန်း လက်ထဲမှ ရုန်းထွက်လိုက်ပြီး နောက်သို့ ခြေနှစ်လှမ်း ပြန်ဆုတ်ကာ ခနဲ့သလို ပြုံးရယ်လိုက်သည်။

“ကျွန်မမှာ ရှင့်လိုလူမျိုးအတွက် မပြောင်းလဲသွားမယ့် အချစ်မျိုး မရှိဘူး၊ ရှင့်အာရုံတွေကို ဆွဲ‌‌ဆောင်နိုင်ဖို့အတွက် ကျွန်မဘဝရဲ့ တစ်သက်သာ ပျော်ရွှင်မှုကို စတေးပြီး ရှင့်ဆီကနေ ကျွန်မဘက်ကို တစ်ချက်လောက် လှည့်ကြည့်ပေးဖို့ အတွက် ဒီလိုမျိုး လုပ်ခဲ့တယ်လို့ အတွေးမျိုး တွေးရဲနိုင်အောင် ရှင့်ကို ဘယ်သူကများ ဒီလိုသတ္တိမျိုး ပေးခဲ့တာလဲ”

စုယန်ယန်သည် ထိုသို့ ပြောပြီး သွားသောခါ သူမ တုန်ယင်သွားတာကို မတားဆီးနိုင်ပေ။ ဒီအမျိုးသားသည် သူ့ကိုယ်သူ အမျိုးသမီးတိုင်းက ကြိုက်နှစ်သက်သည့် ပြီးပြည့်စုံပြီး ပျိုတိုင်းကြိုက် နှင်းဆီခိုင်အဖြစ် မှတ်ယူထားတာလား၊ သူ့ကို ကြည့်မိတဲ့ အမျိုးသမီးတိုင်း သူ့ကို ချစ်မိသွားကာ သူ့အတွက် သေသေ ရှင်ရှင် ပေးဆပ်ဖို့ အဆင်သင့်ဖြစ်နေလိမ့်မည်ဟု မှတ်ယူထားတာလား။

သူမသည် ကိုယ့်ကျင့်သိက္ခာမရှိသော မိန်းကလေး မဟုတ်ပါ။ ဒီနေ့ခေတ်တွင် ခြေလက်လေးခု ရှိသူကို ရှာတွေ့ရတာထက် ခြေလက်နှစ်ခု ရှိသူကို ရှာဖွေဖို့ ပိုခက်တယ်၊ ဟုတ်ပြီလား။

ထို့အပြင် သူမကို ပြောစရာ မလိုလောက်အောင် ချစ်မြတ်နိုးတဲ့ အမျိုးသား တစ်ယောက်ထံမှာ ကျရှုံးသွားခဲ့ပြီးပြီ။ ဒီလိုမိုက်မဲတဲ့ လူမျိုးကို သူမ နှလုံးသားကို ပေးအပ်ရသည့်အထိ ဘာကြောင့် မိုက်မဲနေရမှာလဲ။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now