part 98

2.2K 249 2
                                    

Unicode

အခန်း (၉၈)
ဟန်ဆောင်လိမ်ညာခြင်း

လင်းရှောင်ချီးရဲ့ ရုတ်တရက် ထအော်သည့် အသံသည် နားအူသွားစေသည်။ အရှေ့မှာ လျှောက်နေသည့် လူများက ရုတ်တရက် ရပ်သွားပြီး သူတို့ဆီ လှမ်းကြည့်ကြသည်။

ဟောက်ချန်ဟွမ်းက အဆင်ပြေပေမယ့် ကုရှောက်ယန်ကတော့ စိတ်ပျက်လက်ပျက် ဖြစ်သွားတဲ့ပုံပါပဲ။

သူမသည် သခင်မလေးရဲ့ အချစ်ဆုံး သူငယ်ချင်း ဖြစ်တယ် ဆိုတာကို သူ သံသယ ဝင်နေတယ်လို့ ပြောသင့်လား။ သူမရဲ့ အသွင်အပြင်က ဘယ်လောက်ပင် ချစ်စရာကောင်းပြီး အားနွဲ့ဟန်ပေါ်ပါစေ သူမမှာ သန်မာပြီး ကြောက်မက်ဖွယ် ကောင်းတဲ့ နှလုံးသား တစ်စုံကို ပိုင်ဆိုင်ထားဆဲပင်။ သူမ ပါးစပ်ကို ဖွင့်လိုက်သောအခါတွင် သူမရဲ့ နူးညံ့သိမ်မွေ့သော အသွင်အပြင်ဟာ လုံးဝ ပျက်စီးသွားခဲ့သည်။

စုယန်ယန်သည် ကုရှောက်ယန်၏ မျက်နှာကို လှမ်းမြင်ပြီး ချက်ချင်း နားလည် သဘောပေါက် သွားခဲ့သည်။ သူမက အပြုံးလေးဖြင့် လင်းရှောင်ချီး၏ လက်မောင်းကို လှမ်းဆွဲကာ သူမကို သတိပေးလိုက်သည်။

“နင့်လို မိန်းမကောင်းလေးက ဒီလိုဆဲဆိုပြီး စိတ်ဖြေစရာ လိုအပ်လို့လား။ နင့်ကို တခြားသူတွေ အထင်လွဲသွားမှာမျိုးကို မစိုးရိမ်ဘူးလား”

လင်းရှောင်ချီးသည် သူမ ပါးစပ်ထောင့်စွန်းများကို ကွေးညွှတ်ကာ အသံကို တိုးလိုက်ပြီး ပြောသည်။

“အဲ့တာ နင့်ကြောင့်ပဲ မဟုတ်လား။ စကားလမ်းကြောင်း မပြောင်းလိုက်နဲ့။ ဟောက်ရှောက်ဖုန်းနဲ့ ဘာဖြစ်သွားတာလဲ ဆိုတာကို ငါ့ကို ပြောပြ။ အဲဒီခွေးကောင်က နင့်ကို လှည့်စားဖို့ သတ္တိကောင်းတယ်ပေါ့လေ။ သူ့ကို ငါနဲ့ မတွေ့စေတာ ပိုကောင်းတယ်။ မဟုတ်ရင် ငါ သူ့ခြေထောက်တွေကို ရိုက်ချိုးပစ်မိလိမ့်မယ်”

“နင် အဲဒီအတွက် စိတ်ပူစရာ မလိုတော့ဘူး။ လွန်ခဲ့တဲ့ နှစ်ရက်က ငါ သူ့ကို ရိုက်နှက်ပြီးတော့ ငါ့အတွက် လက်စားပြန်ချေခဲ့တယ်”

ထို့နောက် စုယန်ယန် ဟောက်ရှောက်ဖုန်း၏ မိသားစုကို စေ့စပ်ကြောင်းလမ်းခြင်း ဖျက်သိမ်းပေးဖို့ တောင်းဆိုကာ သူမ၏ သတို့သားလောင်းအား ဟောက်ချန်ဟွမ်းသို့ ပြောင်းလဲ လိုက်ခြင်းဖြင့် သူတို့မိသားစု မျက်နှာကို ဖြတ်ရိုက်ခဲ့သည့် အကြောင်းအား ရှင်းပြခဲ့သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now