part 129

1.8K 232 1
                                    

Unicode
အခန်း (၁၂၉)
မင်း သူ့ကို ထိခဲ့မိလား

စုယန်ယန် စုအိမ်တော်သို့ ပြန်ရောက်သောအခါ မွန်းတည့်ချိန်ပင် ကျော်နေခဲ့ပြီ ဖြစ်သည်။ သူမအခန်းထဲသို့ ပြန်ရောက်ရောက်ချင်းမှာပင် ဟောက်ချန်ဟွမ်းထံမှ ဗီဒီယို ဖုန်းခေါ်ဆိုမှု တစ်ခုကို လက်ခံရရှိခဲ့သည်။

စုယန်ယန်၏ မျက်ဝန်းများက တောက်ပသွားပြီး ချက်ချင်းပင် ဖုန်းခေါ်ဆိုမှုကို လက်ခံလိုက်သည်။

အရင်ဆုံး သူမသည် ရင်းနှီးသော ခွေးမျက်နှာလေးဖြင့် ကြိုဆိုခြင်း ခံခဲ့ရသည်။ သွမ်းသွမ်းသည် ကင်မရာကို အကြိမ် အနည်းငယ်ခန့် လှည့်ပတ်ကြည့်ပြီး နောက်ဆုံးတွင် ကင်မရာကို သူလေးရဲ့ တင်ပါးဖြင့် ဖိကပ်ကာ ဖုန်းမျက်နှာပြင်ကို နှလုံးသားပုံသဏ္ဌာန် တင်ပါးလေးဖြင့် ပြည့်သွားစေသည်။

စုယန်ယန် “...” သူလေးရဲ့ တင်ပါးတွေကို ကိုယ်တိုင်ကိုယ်ကျ အများသူငှာ မြင်အောင် ပြသခဲ့တာလား။ သူမနဲ့ မတွေ့တာကြာတော့ ဒီကောင်လေးက အရမ်း ရိုင်းလာတာလား။

စုယန်ယန်က သူလေး၏ ချစ်စရာ အမွှေးပွ တင်ပါးဖောင်းဖောင်းလေးကို အနီးကပ်မြင်ပြီး ချီးကျူး ပြောဆိုမှာကို စောင့်ဆိုင်းနေစဉ် လက်တစ်ဖက်က ဒီပြဿနာရှာသူ ကလေးလေးကို ကင်မရာရှေ့မှ ဘေးဖက်သို့ ဖယ်ထုတ်လိုက်သည်။

စုယန်ယန်၏ မျက်ဝန်းတွေက တောက်ပလာပြီး “ချန်ဟွမ်း...” လို့ ဝမ်းသာအားရ အော်ခေါ်လိုက်သည်။

ဟောက်ချန်ဟွမ်းသည် သူမ စိတ်ပျော်နေကြောင်းကို သူမ၏ အသံကို နားထောင်ရရုံဖြင့် ပြောနိုင်ပေသည်။ သူ့မျက်ဝန်းတွေက မည်းမှောင်သွားကာ “အင်း...” လို့ နူးညံ့စွာ တုံ့ပြန်လိုက်သည်။

ဘေးဖက်သို့ ပစ်ထုတ် ခံလိုက်သည့် သွမ်းသွမ်းသည် ဒီလိုမျိုး ကြုံတွေ့ရတိုင်း ဟွားဟွားကို လွမ်းဆွတ်မိသည်။

“ရှင် ဒီနေ့ တစ်ခုခု လုပ်စရာရှိတယ် မဟုတ်လား။ အဲ့တာ ပြီးသွားပြီလား။ ရှင် နေ့လယ်စာ စားပြီးပြီလား။ ရှင် ဘယ်လောက်ပဲ အလုပ်များများ၊ အစားကို အချိန်မှန်စားရမယ်...”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now