part 33

3.8K 392 5
                                    

unicode
အခန်း(၃၃) - ကြည့်ရှုသူ အမျိုးသမီး အကောင့်များကိုသာ ခွင့်ပြုထားသည်

စုယန်ယန်သည် ဖန်သားပြင်ပေါ်ရှိ မှတ်ချက်များကို တစ်ချက်ကြည့်လိုက်သည်။ ကြက်ဥပြုတ်များ အရောင်မည်းလာလျှင် မီးကို ပိတ်လိုက်သည်။

“ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုက ဒီမှာပဲ ပြီးဆုံးသွားပါပြီ။ ဓမ္မတာလာချိန် ရောက်နေတယ်လို့ တော်တော်များများ ပြောနေတာကို ကျွန်မ တွေ့လိုက်ရတယ်။ ဒါ့ကြောင့် ဒီနေ့အတွက် ယိမူချောင်နဲ့ ကြက်ဥစွပ်ပြုတ်ကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုအခန်းမှ ကြည့်ရှုသူသုံးဦးကို လက်ဆောင်အဖြစ် ကျဘမ်းရွေးချယ်ပေးသွားပါ့မယ်ရှင့်။ တရားမျှတမှု ရှိစေရန်အတွက် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကံစမ်းမဲလုပ်ဆောင်ချက်ကို အသုံးပြုပါမယ်။ ‘ယန်ယန်ရဲ့ မီးဖိုချောင်” လို့ ရေးသားပေးပို့ပြီး စက္ကန့်သုံးဆယ်အကြာတွင် ကံစမ်းမဲမှာ ပါဝင်ကံစမ်းနိုင်ပါပြီရှင့်။ ဒီတစ်ခါမှာတော့ အမျိုးသားတွေ အနေဖြင့် အမျိုးသမီးတွေနဲ့ မယှဉ်ပြိုင်ပဲ သူတို့ကို အခွင့်အရေး ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

စုယန်ယန် ဤကဲ့သို့ ပြောဆိုပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသော အမျိုးသားအချို့က သူတို့အတွက် တရားမျှတမှု မရှိဟု ဝေဖန်ခဲ့ကြသည်။

(ဒါ မတရားဘူး။ ယောက်ျားလေးတွေက ဘာကြောင့် ကံစမ်းမဲမှာ ပါဝင်ခွင့် မရတာလဲ။ ငါ့အမျိုးသမီး ဓမ္မတာလာနေတာ မကြာသေးဘူး။ ငါ သူ့အတွက် တစ်လုံးလောက် ယူပေးလို့ မရနိုင်ဘူးလား။ ငါ လက်မခံနိုင်ဘူး။)

(ထောက်ခံပါတယ်။ ငါ့ညီမလည်း ဒီရက်ပိုင်း ဓမ္မတာလာနေတာ။ မိန်းကလေးတွေပဲ ရသင့်တယ် ဒါပေမယ့် ငါတို့ မရသင့်ဘူးလို့ မင်း ဘာလို့ တွေးရတာလဲ။ ငါတို့ ညီမတွေနဲ့ အန်တီတွေအတွက် ကျေးဇူးပြုပြီး ပါဝင်ကံစမ်းခွင့်ပြုပါ။)

(ငါ့အမေလည်း...)

(ငါ့ကောင်မလေးလည်း၊ သူမ...)

(ငါ့ဒုတိယဦးလေးရဲ့ မိန်းမကလည်း ...)

မျက်စိတစ်မှိတ်အတွင်း တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း လေထုက ရုတ်တရတ် ပြောင်းလဲသွားသည်။ စုယန်ယန်ရဲ့ စွပ်ပြုတ်ချို၏ အရသာသည် ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲခြင်းအတွက် အမှန်တကယ် ထိရောက်မှု ရှိ မရှိ ခန့်မှန်းလေ့လာရာမှ သူတို့အားလုံးတွင် တူညီသော ပြဿနာရှိသည့် အမျိုးသမီးဆွေမျိုး ကိုယ်စီ ရှိသောကြောင့် တင်ဆက်သူအား တရားမျှတစေရန် တောင်းဆိုသည့် အမျိုးသားကြည့်ရှုသူများ ပေါ်ပေါက်လာသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးOnde histórias criam vida. Descubra agora