part12

5K 562 7
                                    

unicode
အခန်း(၁၂) - ချစ်စရာကောင်းသည့် ကော်ဂီခွေးငယ်လေး

ချိန်ရှုချင်သည် ပြောစရာစကား ပျောက်ရှသွားသည်။ သူမ စိတ်ဆိုးနေသေးပေမယ့် ဒါက နည်းနည်း ရယ်စရာ ကောင်းနေသေးသည်။ သူမ အစတုန်းကတော့ သမီးဖြစ်သူရဲ့ ဝန်ခံဖွင့်ဟမှုကို အနည်းငယ် သံသယဝင်မိပေမယ့် အခုအချိန်မှာတော့ ရာနှုန်းပြည့် ယုံကြည်လက်ခံသွားပြီ။

သူမသမီးလေးကို ဟောက်ချန်ဟွမ်းက ဘယ်လိုမျိုး ဆွဲ‌ဆောင်လိုက်တာလဲ ဆိုတာကို သူမ စူးစမ်းသိချင်ခဲ့သည်။

ချိန်ရှုချင်၏ စူးစမ်းလိုစိတ်နှင့် ဆန့်ကျင်ဖက် အိမ်ရှိ အမျိုးသား နှစ်ယောက်ကတော့ ရှာလကာရည် သောက်နေကြသည်။

သတင်းစာကို ကိုင်ထားသော မစ္စတာစု၏လက်တွေက ခါယမ်းသွားပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

မနီးမဝေးတွင် မနက်စာ စားသောက်နေသော စုယမ်ရွှမ်သည် သူ့ညီမလေးကို ပြန်ပေးဆွဲသွားသော လူယုတ်မာအဖြစ် ကြက်ဥကို စိတ်ကူးယဉ်နေသလိုမျိုး သူ့ပန်းကန်ထဲက ကြက်ဥကို ဆူညံစွာ လှီးဖြတ်နေခဲ့သည်။

စုယန်ယန်သည် အိမ်အတွင်း၌ ဆန့်ကျင်လိုသော အငွေ့အသက်များ ပြည့်နှက်နေတာကို သတိမထားမိပါ။ သူမ အိမ်အပြင်သို့ ထွက်သွားခါနီးမှာ ရုတ်တရက် ခြေဖဝါးပေါ်တွင် အလေးချိန် တိုးလာတာကို ခံစားလိုက်ရသည်။

သူမ ခေါင်းငုံ့ကြည့်လိုက်သောအခါ သူမမျက်လုံးတွေနှင့် အနက်ရောင် စပျစ်သီးလေး နှစ်လုံးနှင့် ဆင်တူသည့် အပြစ်ကင်းစင်သော မျက်လုံးများရှိသည့် ပန်းရောင် အမွှေးပွလုံးလေး၏ ကြီးမားပြီး အပြစ်ကင်းသော မျက်လုံးလေးများနှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။

စုယန်ယန်သည် တစ်စုံတစ်ခုကို တွေးလိုက်မိပုံရပြီး သူမမျက်လုံးတွေက အနည်းငယ် တောက်ပလာသည်။ သူမက ခွေးကလေးကို ပွေ့ချီလိုက်ပြီး နူးညံ့ညင်သာစွာ ချော့မြူလိုက်သည်။

“လိမ္မာတဲ့ ကလေးလေး မာမီ မင်းကို မင်းရဲ့အနာဂါတ် ဒယ်ဒီဆီ ခေါ်သွားပေးမယ်”

“သခင်လေး မစ္စစု ရောက်နေပါပြီ”

စုယန်ယန် ဟောက်မိသားစုအိမ်တော်ကို ရောက်သောအခါ ‌ဟောက်ချန်ဟွမ်းသည် မနက်စာ စားသောက်ပြီး ဧည့်ခန်းထဲတွင်ထိုင်ကာ စာရွက်စာတမ်းများကို ဖတ်ရှုနေသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now