part 70

2.7K 283 1
                                    

Unicode

အခန်း (၇၀) - ကျောက်ပုစွန် အစပ်ဟင်းလျာ

စုယန်ယန်သည် နောက်ဆုံး မှတ်ချက်ကို ဖတ်ရှုပြီးနောက် ရယ်ချင်စိတ်ကို ထိန်းမထားနိုင်ခဲ့ပေ၊ ယခုတစ်ကြိမ် ပြင်ဆင် ချက်ပြုတ်သော ငရုတ်သီးများမှာ မစိုမခြောက် အနေအထားရှိသည့် ငရုတ်သီးများဖြစ်ပြီး အစပ်အနေအထားက အလယ်အလတ် ဖြစ်သည်။

အချို့လူတွေက ငါးဟင်းတွင် ငရုတ်သီးကို ဟင်းခတ် အမွှေးအကြိုင်အဖြစ် ထည့်သွင်း ချက်ပြုတ်ခြင်း မရှိကြ၍ ငရုတ်သီးကို မစားသုံးရဘူးလို့ ဆိုလိုသည် မဟုတ်ပါ။

ကံကောင်း ထောက်မစွာဖြင့် ဤအရာသည် အွန်လိုင်း အရသာမြည်းစမ်းခြင်း ဖန်ရှင်တစ်ခုသာ ဖြစ်သည်၊ အပြင်ဘက်တွင် တစ်စုံတစ်ဦးက ဒါကိုသာ စားသောက်မည် ဆိုလျှင် အရသာက တကယ့်ကို ပြင်းထန်ပေလိမ့်မည်။

“ဒီငရုတ်သီးရဲ့ အရသာက အတော်လေးကို ဆွဲ‌ဆောင်နိုင်စွမ်းရှိပြီး သူ့တစ်မျိုးတည်းကို စားသောက်ခြင်း မပြုလုပ်ပါနဲ့၊ မဟုတ်ရင် စိတ်ဖိစီးမှု လက္ခဏာရပ်တွေ ဖြစ်လာနိုင်ပါတယ်”

စုယန်ယန်၏ ကြင်နာသော သတိပေးချက်သည် ကြည့်ရှုသူများအား ငါးဟင်းအတွက် ကောင်းမွန်သော သုံးသပ်ချက်များအား မရပ်တန့်သွားစေပဲ အချို့က စုယန်ယန်ကို စိတ်ပြောင်းပြီး ကံစမ်းမဲ ဖောက်ပေးဖို့ တောင်းဆိုခဲ့ကြသည်။

စုယန်ယန်က သူတို့ကြောင့် ယိမ်းယိုင်သွားခြင်း မရှိပဲ ခပ်ဖျော့ဖျော့လေး ပြုံးကာ စကားဆိုလိုက်သည်။

“ငရုတ်သီး ရောင်းရတဲ့အထိ စောင့်ဆိုင်းကြရ‌အောင်၊ ငါးဟင်းကို ကိုယ်တိုင် အိမ်မှာ ချက်ပြုတ် စားသောက်လို့ ရတယ်။ ငါးဟင်းကို ချက်ပြုတ် ပြင်ဆင်မယ်ဆိုရင် မြက်ငါးကြင်းက အကောင်းဆုံးပါပဲ။ မြက်ငါးကြင်းက အရသာ ကောင်းမွန်ပြီး မာတင်းတင်းလေး ဖြစ်လို့ သူ့ကို ချက်ပြုတ်တဲ့ အခါကျရင် အသားတွေ မကြေမွသွားစေဘူး”

“အခု ရာသီဥတုက တဖြည်းဖြည်း ပိုအေးလာပြီ။ အစပ်စားတာက သွေးလည်ပတ်မှုကို ပိုမိုအားကောင်းစေပြီး ခန္ဓာကိုယ်နဲ့ ခြေလက်တွေကို နွေးထွေးစေပြီး ကိုယ်တွင်း ခုခံအားကို မြှင့်တင်ပေးနိုင်တယ်။ မြက်ငါးကြင်းက အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်ပြီး သူ့ကို များများစားပေးလို့ ရပါတယ်။ သင့်အစာအိမ်ကိုလည်း နွေးထွေးစေပါတယ်။ ဒါပေမယ့် ဒါကို သင့်တော်ရုံပဲ စားသောက်ပါ၊ အများကြီး မစားကြပါနဲ့၊ ငရုတ်သီးကို များများစားရင် ရင်ပူစေလိမ့်မယ်”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now