part19

4.6K 471 3
                                    

unicode
အခန်း(၁၉) - သူလေးရဲ့သခင်လိုမျိုး ပေါပေါတောတောလေး

အနှစ်နှစ်ဆယ်ကျော် နေထိုင်ပြီးနောက် မကြာသေးမီ အချိန်ကမှ သူ့၏ ပထမဆုံး အနမ်းကို ပေးခဲ့ဖူးသော ဟောက်ချန်ဟွမ်းသည် သူ့ရဲ့သတို့သမီးလောင်းထံမှ ပြင်းထန်သော စနောက်ကျီစယ်မှုများနှင့် တွေ့ကြုံခဲ့ရပြီး သူ့ခမောက်နှင့် ချပ်ဝတ်တန်ဆာများကို ဆုံးရှုံးခဲ့သည်။ သူက အချိန်ခဏလေးအတွင်းမှာပင် လက်နက်ချ အရှုံးပေးလိုက်ရသည်။

ဟောက်ချန်ဟွမ်းသည် သူ၏ အခုမြန်နေသော နှလုံးခုန်သံကို ငြိမ်သက်အောင် မထိန်းနိုင်မီ အချိန်အတန်ကြာအောင် အသက်ပြင်းပြင်း ရှူလိုက်ပြီး စုယန်ယန်ကို လေးနက်စွာ တုံ့ပြန်လိုက်သည်။

ဟောက်: [ကျွန်တော် ဒါကို မြတ်နိုး တန်ဖိုးထားပါ့မယ်။]

စုယန်ယန်သည် သူ၏တုံ့ပြန်ပြောဆိုချက်က အရမ်းလေးနက်သည့်ပုံ ပေါ်နေသည့် အတွက် အရူးလေးလို ပြုံးနေမိသည်ကို မရပ်တန့်နိုင်တော့ပေ။

ဒီကမ္ဘာပေါ်မှာ ယန်ယန်က ရှင့်ကို အချစ်ဆုံးပဲ: [ရှင် အခုတလော အလုပ်အရမ်းများနေပြီး နောက်ကျတဲ့အထိ လုပ်နေရတယ်လို့ ကျွန်မ ကြားတယ်။ ပြီးတော့ ရှင့်ရဲ့စားချင်သောက်ချင်တဲ့ စိတ်ကလည်း သိပ်မကောင်းဘူးဆို။ အလုပ်ကလည်း အရေးကြီးတယ်ဆိုပေမယ့် ရှင့်ကျန်းမာရေးကလည်း အရမ်းအရေးကြီးတယ်။ ရှင် အခုအချိန်မှာ ရှင့်အတွက်ရှင်ပဲ ရှင်သန်နေတာ မဟုတ်ဘူးဆိုတာကို အမှတ်ရပါ။ ရှင် သိထားရမှာက ရှင့်ရဲ့ခန္ဓာကိုယ်ကို ကျန်းမာအောင် ဂရုစိုက်နေထိုင်မှ ကျွန်မတို့ အတူတူ အချိန်အကြာကြီး အတူရှိလို့ရမှာ...]

ဟောက်ချန်ဟွမ်းသည် သူ့ဖခင်ဖြစ်သူ ဆုံးပါးသွားပြီး ကတည်းက နှစ်များစွာကြာအောင်  သူ့ဘဝရှေ့ရေးအတွက် ဇွဲ လုံလ ဝီရိယထားပြီး သူ့ကိုယ်သူသာ အားကိုးအားထားပြုနေရတာ ဖြစ်သည်။

အထူးသဖြင့် သူမပြောခဲ့သည့် စကားရှည်ကြီး၏ နောက်ဆုံးစကား အနည်းငယ်ခန့်မှာ ဟောက်ချန်ဟွမ်းရဲ့စိတ်ကို ချက်ချင်း ပြိုလဲကျသွားစေကာ သူ အဆင်ပြေတယ်ဆိုသည့် စကားတစ်ခွန်းကလွဲ၍ တခြားဘာကိုမှ မပြောနိုင်ခဲ့ချေ။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now