part 41

3.5K 363 1
                                    

unicode

အခန်း(၄၁) - သူမကို ရိုက်ချလိုက်

ကျိုးယန်ပိုင်သည် ဟောက်ချန်ဟွမ်းက ဒီလိုကြီးမားတဲ့ လုပ်ငန်းစုကြီးတစ်ခုကိုတောင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ယုကျစ်ယန်ရဲ့ အမည်အောက်မှာ ထားရှိတဲ့ ဒီလိုသေးငယ်သည့် တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းကိုကျ ဘာကြောင့် ထိန်းသိမ်းထားလိုတာလဲဆိုတာကို နားမလည်ခဲ့ပါ။

မည်သို့ပင်ဆိုစေကာမူ သူက ဒီအကြောင်းကို ခေါင်းညိတ်သဘောတူလိုက်သည်။

“ကောင်းပြီ၊ ကျွန်တော် သတိပေးလိုက်ပါမယ်။ ဒါ့အပြင် နောက်ထပ် တင်ပြစရာတစ်ခု ကျန်သေးတယ်။”

“ဘာအကြောင်းလဲ”

“အဲ့တာက ဟောက်ရှောက်ဖုန်းအကြောင်းပါ၊ သူ့... အဟမ်း၊ ကောင်မလေးအကြောင်းပါ။”

ဟောက်ချန်ဟွမ်းရဲ့ မျက်နှာဟာ အနည်းငယ် မည်းမှောင်သွားသည်။ “သူမလား၊ သူမက ဘာလုပ်နေလို့လဲ။”

“အဲ့ဒီအမျိုးသမီးက ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ရောက်ချင်ပုံရတယ်။ မကြာသေးခင်ကပဲ သူမက မမလေးတို့မိသားစုက စီစဉ်ကျင်းပတဲ့ ရသစုံ အစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့ပြီး အစမ်းစစ်ဆေးဖို့ အောင်မြင်ခဲ့တယ်။”

“စုမိသားစုက ဒီအကြောင်းကို သိလား။”

“ကျွန်တော်တော့ သူတို့သိမယ် မထင်ဘူး။ အဲ့ဒီရသစုံ အစီအစဉ်ကို ကျင်းပပေးသူထဲမှာ မမလေးတို့မိသားစုပိုင် အေဂျင်စီက ပါဝင်ပေမယ့် ရင်းနှီးမြှုပ်နှံသူတစ်ဦးအဖြစ်ပဲ ယူဆနိုင်တယ်။ အဲ့ဒီရသစုံ အစီအစဉ်မှာ ရင်းနှီးမြှုပ်နှံဖို့ အခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ထားပြီး သူတို့ရဲ့ အနုပညာရှင်တချို့ကို ထည့်သွင့်ဖျော်ဖြေပေးဖို့ စီစဉ်ထားတယ်။ ဒီနည်းနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ပရိတ်သတ်တွေကို တည်ဆောက်နိုင်ပြီး ကြယ်ပွင့်အသစ်တွေကို ဖန်တီးနိုင်မှာပါ။”

“အဲ့ဒီအမျိုးသမီးက အလွတ်တန်း အနုပညာရှင်အဖြစ် ပါဝင်တင်ဆက်ခဲ့ပါတယ်။ သူ့အတွက် အေဂျင်စီကောင်းတစ်ခုရှာဖို့ ဒီအခွင့်အရေးကို အသုံးပြုခဲ့တာလို့ ကျွန်တော်ထင်တယ်။ စုမိသားစုက ဒါကို မသိမှာကို ကျွန်တော် စိုးရိမ်မိတယ်။”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWo Geschichten leben. Entdecke jetzt