part 126

1.8K 189 5
                                    

Unicode

အခန်း (၁၂၆)
ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူး

နျဉ်စစ်ယွမ်နဲ့ ရှားကျွင်းရှန့်တို့သည် ထိတ်လန့်မှုကြောင့် တောင့်တင်း သွားကြသည်။ ဆူညံသံကြားရာ နေရာသို့ လှည့်ကြည့်လိုက်သည့် သူတို့၏ မျက်နှာတွေက ဖြူရော်သွားသည်။ နျဉ်ချီလွေ့၏ ရင်ဘတ်ရှေ့တွင် တလက်လက် တောက်ပနေသော အကြမ်းဖျင်း တစ်လက်မခန့် ရှည်လျားသော အပ်တစ်ချောင်းကို တွေ့မြင်လိုက်ရပြီး သူ့ရင်ဘတ်က အရေပြားကတော့ လုံးဝ နဂိုအတိုင်းသာ ရှိနေသေးသည်။

သူတို့နှစ်ယောက် “???”

သူတို့တင်မကပဲ စုယန်ယန်သည်လည်း ထိုအော်သံကြောင့် အရမ်း ထိတ်လန့်သွားပြီး သူမ၏လက်ပင် တုန်သွားခဲ့သည်။ သူမ၏ အပ်ချောင်းက သူ့အရေပြားကိုတောင် လုံးဝ မထိုးဖောက် ရသေးကြောင်းကို သိလိုက်ရသဖြင့် မျက်စောင်း ထိုးလိုက်မိသည်။

စုယန်ယန်က မျက်မှောင်ကြုတ်ပြီး သူမ အပ်စိုက်တော့မယ့် အချိန်မှာပင် နောက်ထပ် အော်သံ ခပ်ရှည်ရှည်ကို ကြားလိုက်ရပြန်သည်။

အခန်းအတွင်းရှိ လူသုံးယောက် “!!!”

အပ်က ချဉ်းကပ်သွားချိန်မှာ အော်ဟစ်သံကို ကြားလိုက် ရပြန်တယ်။ အပ်က နောက်ထပ် ချဉ်းကပ်ဖို့ ကြိုးစားချိန်မှာ အော်သံကို ကြားလိုက်ရပြန်ရော...

အကြိမ်ကြိမ် အခါခါ ဤသို့ ဖြစ်ပြီးနောက် စုယန်ယန်သည် သူမ၏ နားများ အသံမကြားလုနီးပါး ပင်းသွားသည်ဟု ခံစားလိုက်ရပြီး နောက်ဆုံး၌ သည်းမခံနိုင်တော့ပဲ ဘေးစားပွဲပေါ်ကို ဒေါသတကြီး လက်ဖြင့်ရိုက်ကာ ဟိန်းဟောက် လိုက်သည်။

“နင့်ပါးစပ်က ဘာလို့ အော်ပဲ အော်နေရတာလဲ။ အပ်က နင့်အသားကို ထိတောင် မထိရသေးဘူး၊ အဲ့တာကို နင်က ကမ္ဘာတစ်ခုလုံး ကြားလောက်တဲ့အထိ အော်နေရတာလဲ။ ကောင်မလေးတွေတောင် နင် အခုအော်တဲ့ အသံလောက်အထိ မ‌အော်နိုင်ကြဘူး။ အနာဂတ်မှာ နင့်ကို အော်ပရာသီချင်း စွန့်စားပြီး ထုတ်လုပ် ဖြန့်ချိပေးဖို့ နင့်ရဲ့ ဘော့စ်ရှေ့မှာ ဒီအခွင့်အရေးကို အသုံးချပြီး ပူပူနွေးနွေး တင်ဆက် နေတာလား”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now