part22

4.3K 459 1
                                    

unicode

အခန်း(၂၂) - ငါ အိုနေပြီလား

[ငါးကြင်းရဲ့အနံ့က အရသာရှိမယ့်ပုံပဲ။ ဒီလိုအနံ့လိုပဲ ငါးရဲ့အရသာကလည်း ကောင်းမလားလို့ ငါတွေးမိတယ်။ တင်ဆက်သူရေ နင် မတရားလုပ်နေတာပဲ။ နင်က မွှေးရနံ့ဖန်ရှင်ကိုပဲ ဖွင့်ထားပြီး အရသာဖန်ရှင်ကိုကျ ဘာလို့ မဖွင့်ထားရတာလဲ။ ဒီမွှေးရနံ့က ဘေးအိမ်က ကလေးကိုပါ အော်ငိုအောင် လုပ်နိုင်တယ်။]

[ငါပြောထားတာကို ငါ ပြန်ရုပ်သိမ်းတယ်။ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ် တင်ဆက်သူအများစုက ကြွားဝါပြောဆိုတတ်ပေမယ့် အနည်းဆုံးတော့ သူမရဲ့ အချက်အပြုတ် စွမ်းရည်က ကောင်းမွန်ပါတယ်။ ငါ စာရင်းသွင်းချင်ပါတယ်။]

စုယန်ယန်သည် ဖန်သားပြင်ပေါ်ရှိ များပြားလှသော မှတ်ချက်များကို တစ်ချက်ကြည့်လိုက်သည်။ ဆန်ပြုတ်ကို အပူခံ နေ့လယ်စာ ဘူးထဲသို့ လောင်းထည့်နေရင်း သူမနှုတ်ခမ်းထောင့်စွန်းလေးများ အနည်းငယ် တွန့်ကွေးသွားသည်။

“ကိုချီအရွက်က ကိုယ်ခန္ဓာအတွင်း လုပ်ဆောင်ချက်တွေကို ပြန်လည် ကောင်းမွန်စေပြီး မျက်စိအမြင်အား ကောင်းစေနိုင်ပါတယ်။ ကိုချီစေ့ကိုယ်တိုင်က အသည်း၊ ကျောက်ကပ်နဲ့ အဆုတ်တွေကို အာဟာရ ဖြည့်တင်းပေးတယ်။ ကျောက်ကပ် (သို့ ) အသည်းရဲ့ လုပ်ဆောင်ချက် ချိုတဲ့သူများနှင့် ညဘက်တွင် အမြင်အာရုံ သိပ်မကောင်းတဲ့ ကလေးလေးတွေအတွက် အထူးသင့်လျော်တယ်။ သို့ပေမယ့် သွေးတိုးရှိသူတွေအတွက် ဒီဝက်အသည်းစွပ်ပြုတ်ကို စားသောက်ဖို့ အကြံမပေးပါဘူး။ ဝက်အသည်းက အသည်းအားဆေးအဖြစ် လုပ်ဆောင်ပြီး သွေးကို အာဟာရဖြစ်စေသည်။ အလွန်အကျွံ စားသုံးမိမယ်ဆိုရင် သွေးတိုးရောဂါ ရှိသူတွေအတွက် အန္တရာယ်ဖြစ်စေပါတယ်။ ကျေးဇူးပြုပြီး မိသားစုဝင်တွေက သွေးတိုးရှိနေမယ်ဆိုရင် ဒီအစားအသောက်ကို ရှောင်ရန် သတိပေးဖို့ ကြည့်ရှုသူတွေကို မှာကြားချင်ပါတယ်”

“ရှန်းကျားနဲ့ ငါးကြင်းကတော့ သရက်ရွက်နဲ့ အစာအိမ်တို့ကို နွေးထွေးစေပြီး အစာစားချင်စိတ်ကို အားကောင်းစေကာ အစာချေဖျက်မှုကို အားပေးတယ်။ ချိုချဉ်အရသာသည် အရသာခံအာရုံ ခံနိုင်ရည် အားနည်းသော သက်ကြီးရွယ်အိုများ သို့မဟုတ် အစာမကြေခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသူများအတွက် သင့်လျော်ပါတယ်။ သို့ပေမယ့် သတိထားသင့်သည့် အချက်တစ်ခုရှိတယ်။ ကိုယ်ဝန်ဆောင်မိခင်များအတွက်မူ သန္ဓေသားလောင်းကို အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက်ကြောင့် ဒီဟင်းလျာကို စားသုံးခြင်းမပြုလုပ်ရန် အကြံပေးချင်ပါတယ်”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now