part52

3.2K 338 5
                                    

unicode
အခန်း(၅၂) - လက်ဖက်ရည်၏ အသုံးပြုပုံ

ယန်ယန်အပါအဝင် လူအများအပြားသည် ထိုမှတ်ချက်ကို မြင်လိုက်ရသောအခါတွင် မရယ်မောပဲ မနေနိုင်ခဲ့ပါ။

ဒီလက်ဖက်ရည်ကို နှင်းဆီပန်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ နှင်းဆီပန်းရဲ့ မွှေးရနံ့မရှိလျှင် မည်သည့်ရနံ့ရှိနိုင်မှာလဲ။

ယန်ယန်သည် အိုးအတွင်းရှိ လက်ဖက်ရည်များကို ပန်းကန်လုံးကြီးတစ်ခုထဲသို့ သေသေချာချာ လောင်းထည့်ပြီးနောက် အကြည်ရောင် ဖန်ပုလင်း ၃လုံးကို ယူကာ ပန်းကန်လုံးအတွင်းရှိ လက်ဖက်ရည်များကို ပုလင်းများ တစ်လုံးပြီးတစ်လုံးထဲသို့ လောင်းထည့်ခဲ့သည်။

ကြည်လင်ပြီး အရောင်ဖျော့ဖျော့လေးရှိသော လက်ဖက်ရည်ကို အကြည်ရောင် ဖန်ပုလင်းထဲတွင် ညင်သာစွာ မွှေပေးလိုက်သည့်အခါတွင် နှင်းဆီရနံ့လေး ထုတ်လွှင့်ပေးပြီး အမျိုးသမီး ကြည့်ရှုသူများ၏ စိတ်နှလုံးကို ချက်ချင်း ဖမ်းစားလိုက်နိုင်သည်။

“ဒီလက်ဖက်ရည်ကြမ်းထဲမှာ ယိမူချောင်ကို ပမာဏများများ အသုံးပြုထားသည့်အတွက်ကြောင့် ဒါက ဓမ္မတာလာခါနီး သွေးလည်ပတ်မှု နှေးကွေးနေတဲ့သူတွေအတွက် အသင့်တော်ဆုံးဖြစ်ပြီး ဓမ္မတာလာခါနီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု ဝေဒနာကို လျှော့ချပေးရုံသာမက ခန္ဓာကိုယ်တွင်း မလိုလားအပ်တဲ့ အဆိပ်အတောက်များကိုလည်း တစ်ခါတည်း ဖယ်ရှားပေးပါတယ်။ သတိထားရမယ့်အချက်ကတော့ ဓမ္မတာလာနေတဲ့သူတွေနဲ့ ကိုယ်ဝန်ဆောင်တွေ ဒါကို သောက်သုံးဖို့ မသင့်တော်ပါဘူး။”

စုယန်ယန် ဤသို့ရှင်းပြပြောဆိုပြီးသည့်‌နောက်တွင် အချို့က ဝမ်းသာသွားကြပြီး အချို့ကတော့ စိတ်ပျက်သွားကြသည်။

သို့သော် လက်ဖက်ရည် အသုံးပြုပုံကို သိပြီးတဲ့နောက်မှာ စွပ်ပြုတ်ကို လူအများ ပိုမိုစိတ်ဝင်စားလာကြသည်။

ယန်ယန်က သူတို့ကို အကြာကြီး မစောင့်ဆိုင်းစေခဲ့ပါဘူး။ နှင်းဆီလက်ဖက်ရည်ကြမ်းကို ပုလင်းတွေထဲ ထည့်ပြီးတာနဲ့ ဘေးနားက ဟင်းအိုးအဖုံးကို ဖွင့်လိုက်သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now