part 103

2K 227 2
                                    

Unicode

အခန်း (၁၀၃)
စိတ်အားထက်သန်သော ဆန့်ကျင်ဖက် ပရိသတ်များ

ယခုအချိန်တွင် စုယန်ယန်၏ ပရိသတ်ဖွဲ့စည်းပုံမှာ အတော်လေး ရှုပ်ထွေးနေပါသည်။ တိုက်ရိုက် ထုတ်လွှင့်သည့် အခန်းတွင် အစားကောင်း ကြိုက်သူများ၊ ကျန်းမာရေး အ‌လေ့အထ ဝါသနာအိုးများနှင့် အခြားသူများ၏ အကြုံပြုချက်အရ ဒီနေရာကို ရောက်ရှိလာသော ကျန်းမာရေး မကောင်းသည့် လူနာပရိသတ်များ အပြင် သူမ လျင်မြန်စွာ နာမည်ကျော်ကြား လာသည့်အတွက် စောင့်ကြည့် နေခဲ့ကြသော ဆန့်ကျင်ဖက် ပရိသတ်အချို့လည်း ရှိနေခဲ့သည်။

စုယန်ယန်ရဲ့ ကြိုတင်အသိပေးချက် ထုတ်ပြန် လာလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းမာရေး အလေ့အထ ဝါသနာအိုးများနှင့် ကျန်းမာရေး မကောင်းသည့် လူနာပရိသတ်များတွေက သူတို့ရဲ့ အမြင်တွေကို စိတ်လှုပ်ရှားစွာ ဖလှယ်ခဲ့ကြသည်။ တစ်ဖက်တွင်မူ သူမရဲ့ ငါးဟင်းလျာနှင့် ကျောက်ပုစွန် အစပ်ချက်တို့ရဲ့ ဆွဲဆောင်မှုကြောင့် ရောက်ရှိလာကြသော အစားကောင်း ကြိုက်သူများကတော့ ဘာမှ မထူးခြားခဲ့ကြပေ။

မနာလို မုန်းတီးနေကြသော ပရိသတ်များသည် စုယန်ယန်၏ ချပ်ဝတ်တန်ဆာက ချို့ယွင်းချက်ကို နောက်ဆုံး၌ ဖမ်းဆုပ်မိ သွားပုံရသည်။ စုယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု ကြိုတင် အသိပေးချက်ကို တမင်တကာ လူအများ၏ အာရုံကို ဆွဲဆောင်သော အသိပေးချက် အဖြစ်သို့ ပြောင်းလဲကာ စိတ်လှုပ်ရှား နေကြသော အစစ်အမှန် ပရိသတ်များကို ပြစ်တင်ဝေဖန်ပြီး ပုတ်ခတ် ပြောဆိုလာခဲ့ကြသည်။

စုယန်ယန်သည် ဒီနေ့ညအတွက် ချက်ပြုတ်မည့် ဟင်းလျာစာရင်းကို အပြီးသတ်ရန် အလုပ်များနေခဲ့ပြီး အင်တာနက်ပေါ်ရှိ အရူးချေးပန်း ပြောဆိုနေသော စကားများကို အာရုံစိုက်ရန် အချိန်မရှိပေ။

သူမရဲ့ ဆွေမျိုးနှစ်ယောက် အိမ်ကို စောရောက်လာသည့် အတွက် စုယန်ယန်သည် ကြိုတင်ပြင်ဆင်မှု များစွာ မပြုလုပ်ခဲ့ရပေ။ စုယန်ယန်သည် သူမ လက်ဝယ်ရှိသည့် ဆေးဖက်ဝင် အပင်များကို အခြေခံ၍ သူတို့အတွက် သင့်လျော်သော ဆေးဖက်ဝင် ဟင်းလျာ ချက်ပြုတ်နည်းကို ရှာဖွေရန်သာ ကြိုးပမ်းနိုင်ခဲ့သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now