Part 151

1.8K 200 0
                                    

Unicode

အခန်း (၁၅၁)
သူတို့က ဒါကိုရည်ရွယ်ခဲ့တာ ဖြစ်သည်

“သုတေသနအဖွဲ့အစည်း...”

“ဘယ်သုတေသနအဖွဲ့အစည်းလဲ”

ဖမ်းကျားကျစ်သည် အနည်းငယ် စိတ်ရှုပ်ထွေး သွားသည်။ သုတေသန အဖွဲ့အစည်းက ဒီကိစ္စနဲ့ ဘယ်လိုလုပ်ပြီး ပတ်သက် ဆက်နွှယ် နေခဲ့တာလဲ။

“ကျွန်တော့် ညီမလေး ပြောတာကတော့ သုတေသန အဖွဲ့အစည်းက တင်ဆက်သူ အတွက် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့တယ်တဲ့”

ယဲ့ချီလျန့်ရဲ့ မျက်လုံးတွေက မှေးမှိန်သွားပြီး သုတေသန အဖွဲ့အစည်းရဲ့ အများသူငှာ အကောင့်ကို နှိပ်ကာ ရှာကြည့်လိုက်သည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် သူသည် စာမျက်နှာ၏ ထိပ်ဆုံးမှာပင် ထုတ်ပြန်ချက် တစ်စောင်ကို ချက်ချင်း မြင်လိုက်ရသည်။

ဒီထုတ်ပြန်ချက်က တကယ့်ကို တရားဝင် ထုတ်ပြန်ထားပုံ ပေါ်သည်။ အချုပ်အားဖြင့် ဆိုရသော်၊ သူတို့၏ မိသားစုများအတွက် မျိုးသုဉ်း ပျောက်ကွယ် သွားခဲ့ပြီဖြစ်သော အပင်မျိုးစေ့များကို အခမဲ့ ထောက်ပံ့ ပေးအပ်ခဲ့သော အမည်မသိ လူတစ်ဦးကို အထူး ကျေးဇူးတင် ရှိပါသည်။ သုတေသန အဖွဲ့အစည်းသည် မကြာသေးခင်က ဒီအပင်မျိုးစေ့များကို အသုံးပြုပြီး ရှေးခေတ် ကမ္ဘာမှ မျိုးသုဉ်း ပျောက်ကွယ် သွားခဲ့ပြီဖြစ်သော တရုတ်ဆေးဖက်ဝင် အပင်များကို စိုက်ပျိုးနိုင်ခဲ့သည်။ ဒီတရုတ်ဆေးဖက်ဝင် အပင်များကို စားသုံးခြင်းသည် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရ ဓာတ်များကို ရရှိစေရုံ သာမက ရောဂါဝေဒနာများကို ကုသနိုင်စွမ်း ရှိသည်။ ဒီကိစ္စဟာ ကြီးမားသော ရှာဖွေတွေ့ရှိမှု တစ်ရပ်ဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာ အောင်ပွဲခံဖို့ ထိုက်တန်ပါသည်။

သုတေသန အဖွဲ့အစည်းသည် အနာဂတ်တွင် တရုတ်ဆေးဖက်ဝင် အပင်များ နှင့်အတူ အာဟာရဆိုင်ရာ ဖြေရှင်းချက်များကို အဖြေရှာဖို့ စတင် လုပ်ဆောင်သွားမည် ဖြစ်ပြီး တရုတ်ဆေးဖက်ဝင် အပင်များကို စျေးကွက်တွင် ဖြန့်ဖြူး ရောင်းချနိုင်မည့် သီးသန့်ချန်နယ် တစ်ခုကိုလည်း စတင် ဖွင့်လှစ်ပေးမည် ဖြစ်သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now